ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသရှိ အင်းတိန်ရွာတွင် ရေကြီးရေလျှံ၍ မြေပြိုကျမှုကြောင့် ရွာ၊ တံတားနှင့် ကားလမ်းများ ပျက်စီးပြီး ဒေသခံများ အကူအညီလိုနေကြောင်း သိရသည်။
၂၀၂၄ ခုနှစ် စက်တင်ဘာလ(၁၀)ရက်နေ့ကစတင်ကာ ရေကြီးရေလျှံခြင်းကြောင့် မြေပြိုကျခြင်းများရှိကာ လူ(၁၈)ဦး သေဆုံးခဲ့ရပြီး ယနေ့ စက်တင်ဘာလ (၂၀)ရက်နေ့အထိ ရေမကျသေးကြောင်း သိရသည်။
"အင်းတိန်ဆိုတာက ကုန်းမြေစိုက်ပျိုးရေးရွာပါ။ အင်းတိန်ချောင်းပဲရှိတာ အခု အင်းတိန်တခုလုံး ရေပြင်ပဲ။ အင်းတိန်ကိုက ရေလမ်းသွားမရဘူး ခေါင်တိုင်လမ်းရေကျော်နေလို့ ကားလမ်းကမရဘူး။ ရေလမ်းက ရေအရမ်းကြမ်းတယ်၊ လေအရမ်းတိုက်လို့။ အောင်ပန်းလမ်းတစ်ခုပဲရတယ်။ အဓိကကတော့ ရေနဲ့ စားစရာဆန်ပဲလိုတယ်။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကို ပြောသည်။
ကူညီပေးသူများမှာ အောင်ပန်းလမ်းမှဝင်ပြီး လမ်းခရီးကြမ်းကာ စစ်ကောင်စီတပ်ဂိတ်များရှိသည့်အပြင် တောင်များကို ပတ်မောင်းရသည်ဟု သိရသည်။
အလှူရှင်လိုအပ်နေသည့် အင်းတိန်ရွာအနီးတွင် စစ်ဘေးရှောင်စခန်းလဲရှိနေသဖြင့် အခက်အခဲများရှိနေသည်ဟု သိရသည်။
#TachileikNewsAgency
Photo: CJ