ရှမ်းပြည်နယ်တောင်ပိုင်း အင်းလေးဒေသအတွင်း သပြေပင် နှင့် အင်းတိန်ရွာတို့တွင် ရေကြီးနစ်မြုပ်နေဆဲဖြစ်ကာ စားနပ်ရိက္ခာပြတ်တောက်သွားသဖြင့် အရေးပေါ်အကူအညီများ လိုအပ်နေလျှက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။"သပြေပင်ဖက်ရယ်၊ အင်းတိန်ဖက်ရယ်က အခုထိ အလှူရှင် မရောက်ဘူး။ အစာရေဆာ ပြတ်နေပြီ။ အင်း တိန်ဘက်က ရေစီးသန်တော့ အိမ်တွေအလုံးလိုက်ကျွတ်ပါသွားတယ်။ သေဆုံးသူလည်း (၂၀)ဦး လောက်ရှိတယ်။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကို ၂၀၂၄ခုနှစ် စက်တင်ဘာလ(၁၆)ရက်နေ့တွင် ပြောသည်။
အင်းလေးဒေသ ညောင်ရွှေမြို့နယ်အတွင်း ကျေးရွာအုပ်စု ( ၃၅ ) စု အတွင်းရှိ ကျေးရွာပေါင်း ( ၄၄၅ ) ရွာတွင် ကျေးရွာ ( ၁၇၁ ) ရွာခန့် ရေနစ်မြုပ်နေပြီး ဒေသခံ အမြောက်အများ အကူအညီများ လိုအပ်နေကြောင်း ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူများထံမှ သိရသည်။
#TachileikNewsAgency
Photo: CJ