ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်း တာချီလိတ် - တာလေ - မိုင်းဖြတ် - ကျိုင်းတုံ လမ်းပိုင်းဖြစ်သည့် ပြည်ထောင်စုလမ်းမကြီး၏ တာလေ - မိုင်းဖြတ် သွား ကားလမ်းတွင် ရေကြီးရေလျှံမှုကြောင့် လမ်းပိုင်းပျက်စီးနေရာ သက်ဆိုင်ရာများက ပြုပြင်နေလျက်ရှိသည်ကို စက်တင်ဘာလ(၁၄)ရက်နေ့တွင် တွေ့ရသည်။
အဆိုပါ လမ်းပိုင်းကို ၂၀၂၄ခုနှစ် စက်တင်ဘာလ(၁၅)ရက်နေ့ ညနေပိုင်းတွင် ပြီးမြောက်နိုင်ရန် ကြိုးပမ်းလုပ်ဆောင်နေလျှက်ရှိကြောင်း သိရသည်။
လမ်းပြုပြင်နေစဉ်အတွင်း ဆိုင်ကယ်များ သွားလာ၍ ရနေသည်ကို တွေ့ရသည်။
Photo: Sai Thant Zin Latt