တာချီလိတ်မြို့နည်းတူ ရေကြီးရေလျှံမှုကို ဆိုးရွားစွာ ခံစားနေရသည့် မယ်ဆိုင်မြို့နေ ပြည်သူများကို ကယ်ဆယ်ကူညီရန်အတွက် ထိုင်းတော်ဝင်လေတပ်က တပ်ဖွဲ့ဝင်များကို ယနေ့ ၂၀၂၄ခုနှစ် စက်တင်ဘာလ(၁၁)ရက်နေ့တွင် စေလွှတ်လိုက်ပြီဖြစ်ကြောင်း သိရသည်။
ကြည်းတပ်မှ တပ်ဖွဲ့ဝင်(၁၅)ဦး နှင့် မရိန်းတပ်ဖွဲ့ဝင် (၄၂)ဦးတို့ကို ရာဘာလှေများ၊ ဂျက်စကီးများနှင့် အသက်ကယ်ပစ္စည်းများဖြင့် စေလွှတ်ထားခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းသို့ စေလွှတ်မှုနှင့်အတူ ရဟတ်ယာဉ်ဖြင့်လည်း ယနေ့ နေ့လည်ပိုင်းက မယ်ဆိုင်မြို့တွင်း ကယ်ဆယ်ရေးသွားလာရ ခက်ခဲသည့် နေရာများကို ထမင်းဗူးများ ဖြန့်ဝေမှုများကိုပါ လုပ်ဆောင်ပေးကြောင်း သိရသည်။
ထိုင်းနိုင်ငံတွင် သဘာဝဘေးအန္တရာယ်များနှင့် ကြုံလာတိုင်း ထိုင်းလေတပ်က ရဟတ်ယာဉ်များ အသုံးပြုပြီး ကူညီပေးလေ့ရှိပြီး ပြည်သူများကို အလေးထားသည်ဟု သိရသည်။
မယ်ဆိုင်မြို့ကဲ့သို့ တာချီလိတ်မြို့တွင်လည်း နေအိမ်များ နစ်မြုပ်သည်အထိ ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်နေပြီး နေအိမ်တွင်း ပိတ်မိကာ အစာရေဆာများ ပြတ်လပ်မှုများအထိ ဖြစ်ပေါ်နေသော်လည်း မြန်မာနိုင်ငံတွင် ရဟတ်များကို ပိုင်ဆိုင်သည့် မြန်မာစစ်တပ်က ပြည်သူ့အိမ်အိုးများအပေါ် ဗုံးကြဲတိုက်ခိုက်ရန်အတွက်သာ အသုံးပြုပြီး ပြည်သူများအတွက် ကူညီမှုများကိုတော့ ယနေ့ ၂၀၂၄ခုနှစ် စက်တင်ဘာလ(၁၁)ရက်နေ့ ညပိုင်းအထိ အရိပ်အယောင်နှင့် ဘာညွှန်ကြားချက်မှ မတွေ့ရသေးပေ။
#TachileikNewsAgency