ထိုင်းနိုင်ငံရှိ ကျော်ကြားသော ခရီးသွားကျွန်းတစ်ခုဖြစ်သည့် Koh Phangan တွင် တရားမဝင် ကုန်စုံဆိုင်ဖွင့်ပြီး မြန်မာနိုင်ငံအတွင်းမှ တရားမဝင် တင်သွင်းလာသော စီးကရက်နှင့် စားသောက်ကုန်ပစ္စည်းများ ရောင်းချမှုဖြင့် မြန်မာအမျိုးသမီးတစ်ဦး အပါအဝင် မြန်မာ (၃)ဦး အဖမ်းခံရကြောင်း သိရသည်။
ဒေသဆိုင်ရာ တာဝန်ရှိသူများ၊ လူဝင်မှုကြီးကြပ်ရေးနှင့် နယ်မြေခံ ရဲတပ်ဖွဲ့မှ ရဲအရာရှိများက ၂၀၂၄ ခုနှစ် ဩဂုတ်လ (၂၁) ရက်နေ့တွင် ကုန်စုံဆိုင်ကို စီးနင်းပြီး ဆိုင်ပိုင်ရှင် အသက် (၃၆) နှစ်အရွယ် မအေးအေးခိုင်ဦးကို ဖမ်းဆီးလိုက်ကြောင်း သိရသည်။
ထိုကုန်စုံဆိုင်တွင် မြန်မာနိုင်ငံထုတ် စားသောက်ကုန်များဖြစ်သည့် ခေါက်ဆွဲခြောက်၊ ငါးသေတ္တာ၊ ကော်ဖီနှင့် နိုင်ငံခြားစီးကရက် အပါအဝင် မြန်မာနိုင်ငံအတွင်းကနေ ထိုင်းနိုင်ငံသို့ တရားမဝင် တင်သွင်းလာသော ကုန်ပစ္စည်းမျိုးစုံကို တွေ့ရသည်။
ဆိုင်ပိုင်ရှင် မြန်မာအမျိုးသမီးကို ပြည်ပနိုင်ငံသားတစ်ဦးက ထိုင်းနိုင်ငံအတွင်း ခွင့်ပြုချက်မရှိဘဲ ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်မှုဖြင့် စွဲချက်တင်ခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံတွင် ထိုင်းနိုင်ငံသားများ လွဲ၍ အခြားနိုင်ငံသားများအနေဖြင့် ခွင့်ပြုချက်မရှိဘဲ ဈေးဆိုင်ဖွင့်လှစ်ခြင်း အစားအသောက်ရောင်းချခြင်း နှင့် ဆံသဆိုင်ဖွင့်လှစ်ခွင့်မရှိကြောင်း သိရသည်။
ဆိုင်ပိုင်ရှင် အသက် (၃၆) နှစ်အရွယ် မအေးအေးခိုင်ဦး နှင့်အတူ ကုန်စုံဆိုင်တွင် မြန်မာအမျိုးသား (၂) ဦးကိုလည်း ဖမ်းဆီးခံရကြောင်း သိရသည်။
အဖမ်းခံရသည့် မြန်မာအမျိုးသား (၂) ဦးအနက် အသက်(၂၇)နှစ်အရွယ် ကိုစိုးမင်းနိုင်သည် ၎င်း၏ အလုပ် လုပ်ခွင့် စည်းကမ်းချက်များကို ကျော်လွန်၍ အလုပ် လုပ်ကိုင်မှုဖြင့် စွဲချက်တင်ခဲ့ပြီး ဈေးလာဝယ်သူ အသက်(၂၈)နှစ်အရွယ် ကိုဖြိုဝေစိုး ကို နိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်မှုဖြင့် စွဲချက်တင်ခဲ့သည်။
ထိုင်းနိုင်ငံတွင် ထိုင်းနိုင်ငံသားများ လွဲ၍ အခြားနိုင်ငံသားများအနေဖြင့် ခွင့်ပြုချက်မရှိဘဲ ဈေးဆိုင်ဖွင့်လှစ်ခြင်း အစားအသောက်ရောင်းချခြင်း နှင့် ဆံသဆိုင်ဖွင့်လှစ်ခွင့်မရှိကြောင်း သိရသည်။
အဖမ်းခံရသည့် မြန်မာ (၃) ဦးလုံးကို ဥပဒေအရ အရေးယူရန် Koh Phangan ရဲစခန်းသို့ လွှဲပြောင်းအပ်နှံလိုက်ကြောင်း သိရသည်။
Source: Bangkok Post