ချောင်းဦး-မုံရွာဘက်မှ Express ကား နှစ်စီးဖြင့် လိုက်ပါလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တော်လှန်ရေးအင်အားစုများ ကြားဖြတ်တိုက်ခိုက်

ချောင်းဦး-မုံရွာဘက်မှ Express ကား နှစ်စီးဖြင့် လိုက်ပါလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တော်လှန်ရေးအင်အားစုများ ကြားဖြတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း မုံရွာခရိုင် ချောင်းဦး-မုံရွာဘက်မှ Express ကား နှစ်စီးဖြင့် လိုက်ပါလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တော်လှန်ရေးအင်အားစုများမှ ကြားဖြတ်တိုက်ခိုက်ကြောင်း Black Eagle Defence Force-MMU အဖွဲ့ထံမှ သိရသည်။

ချောင်းဦး-မုံရွာဘက်မှ Express ကား (၂)စီးဖြင့်လိုက်ပါလာသည့် အင်အား စုစုပေါင်း (၆၀) ခန့်ပါရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား သြဂုတ်လ (၉)ရက်နေ့ နံနက်ကိုးနာရီခွဲခန့်တွင် မုံရွာ-မန္တလေးလမ်းပိုင်းပေါ်ရှိ ဂွေးပင်တောနှင့် ဘိုးမင်းကြီးကင်းအကြားတွင် တော်လှန်ရေးအင်အားစုများမှ ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၅)ဦး မျက်မြင်သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Black Eagle Defence Force-MMU အဖွဲ့က ဆိုသည်။

တိုက်ခိုက်မှုအတွင်း တော်လှန်ရေးအင်အားစုများဘက်မှ တပ်ဖွဲ့ဝင်တစ်ဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုအား မြင်းမူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(မြို့နယ် ပကဖ)မှ ဦးဆောင်၍ မြင်းမူမြို့နယ် ပလဖ၊ Black Eagle Defence Force-MMU တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency