ရုရှားနှင့် စစ်ပွဲတွင် F-16 တိုက်လေယာဥ်များ စတင်အသုံးပြုနေပြီဟု ယူကရိန်းသမ္မတ ပြောကြား

ရုရှားနှင့် စစ်ပွဲတွင် F-16 တိုက်လေယာဥ်များ စတင်အသုံးပြုနေပြီဟု ယူကရိန်းသမ္မတ ပြောကြား
By Mr John

ယူကရိန်း တိုက်လေယာဥ်မှူးများက စစ်ဆင်ရေးအတွက် F-16 တိုက်လေယာဥ်များကို နိုင်ငံအတွင်း စတင်မောင်းနှင် ပျံသန်းနေပြီဖြစ်ကြောင်း သမ္မတ ဗိုလိုဒီမြာ ဇီလန်းစကီးက ၂၀၂၄ ခုနှစ် ဩဂုတ်လ (၄) ရက်နေ့တွင် အတည်ပြု ပြောကြားလိုက်သည်။ 

ရုရှားကျူးကျော်စစ် စတင်ခဲ့ပြီးနောက် (၄၉) လအကြာတွင် ယူကရိန်းအတွက် အချိန်ရှည်ကြာ စောင့်ဆိုင်းခဲ့ရသော အမေရိကန်လုပ် F-16 တိုက်လေယာဥ်များ ရရှိခဲ့ပြီဟု ဆိုသည်။

ယူကရိန်းသမ္မတ ဇီလန်းစကီးက လေတပ်အခြေစိုက်စခန်း တစ်ခု၌ စစ်လေယာဥ်မှူးများနှင့် တွေ့ဆုံခဲ့စဥ် ရုရှားနှင့် စစ်ပွဲတွင် F-16 တိုက်လေယာဥ်များ အသုံးပြုနေပြီဟု ကြေညာခဲ့ခြင်း ဖြစ်သည်။ 

သတင်းဓာတ်ပုံများအရ သမ္မတဇီလန်းစကီး၏ အနောက်ဘက်တွင် F-16 တိုက်လေယာဥ် (၂) စီးကို တွေ့ရပြီး နောက်ထပ် (၂) စီး ပျံသန်းနေသည်ကို တွေ့ရသည်။

"ယူကရိန်းမှာ F-16 တွေ ရှိနေပါပြီ။ ကျွန်တော်တို့ ရခဲ့ပါပြီ။ ကျွန်တော်တို့ နိုင်ငံအတွက် ဒီတိုက်လေယာဥ်တွေကို ကျွမ်းကျွမ်းကျင်ကျင်နဲ့ စတင်အသုံးပြုနေတဲ့ ကျွန်တော်တို့လူတွေအတွက် ကျွန်တော် ဂုဏ်ယူပါတယ်" ဟု ဇီလန်းစကီးက ပြောသည်။ 

ရုရှားနှင့် စစ်ပွဲတွင် အမေရိကန် F-16 တိုက်လေယာဥ်များ အသုံးပြုနေပြီဖြစ်ကြောင်း သမ္မတဇီလန်းစကီး ကြေညာခဲ့သည့် နေရာကိုမူ လုံခြုံရေးအရ မဖော်ပြရန် ယူကရိန်းအာဏာပိုင်များက Reuters သတင်းဌာနကို ပြောခဲ့ကြောင်း သိရသည်။

Source: Reuters