အမေရိကန်ပြည်ထောင်စု ဂျော်ဂျီယာပြည်နယ်တွင် ၎င်းတို့၏ လူမမယ်အရွယ် ကလေးငယ်များကို ကလေးသူငယ် လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားပြုမှုဖြင့် အသက် (၂၆) နှစ်အရွယ် မိခင်နှင့် အသက် (၂၉) နှစ်အရွယ် ဖခင်တို့ ဖမ်းဆီးခံရသည်။
ထိုလင်မယားက ကလေးငယ်များ ပါဝင်သော လိင်အကြောင်းအရာများကို အွန်လိုင်းအက်ပလီးကေးရှင်းမျိုးစုံအတွက် ဖန်တီးခဲ့ကြောင်း သိရသည်။
ထို့အပြင် အဆိုပါ လင်မယားက ၎င်းတို့၏ အသက် (၂) နှစ်အရွယ် သမီးလေးနှင့် လိင်ပိုင်းဆိုင်ရာ အပြုအမူများလုပ်ရန်ပင် ဆွဲဆောင်ရန် ကြိုးစားခဲ့သည်ဟု ဆိုသည်။
Ashlee Taylor Crawley နှင့် James Dee Tripp တို့ကို ၂၀၂၄ ခုနှစ် ဇွန်လ (၂၆) ရက်နေ့တွင် ဖမ်းဆီးခဲ့ပြီး စွပ်စွဲမှုများနှင့် ဆက်နွယ်သော ရာဇဝတ်ပြစ်မှု အမျိုးမျိုးဖြင့် စွဲချက်တင်ထားသည်။
Grovetown ရဲဌာန၏ သတင်းထုတ်ပြန်ချက်အရ MeetMe အမည်ဖြင့် online chat မှ သတင်းပေးတိုင်ကြားမှုတစ်ခု လက်ခံရရှိပြီးနောက် ထိုလင်မယားကို စတင် စုံစမ်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ စုံစမ်းစစ်ဆေးခဲ့ရာ Crawley က လိင်အကြောင်းအရာများ ဖန်တီးပြီး အွန်လိုင်းအက်ပလီးကေးရှင်းများပေါ်တွင် ရောင်းချနေကြောင်း ဖော်ထုတ်နိုင်ခဲ့သည်။
"ငွေပိုရအောင် တချို့ လိင်ဗီဒီယိုတွေထဲမှာ သူ့တို့ရဲ့ ကလေးတွေကို ရည်ရွယ်ချက်ရှိရှိ အသုံးပြုထားတယ်။ အငယ်ဆုံး ကလေးက အသက် (၂) နှစ်အရွယ်ပါ" ဟု ရဲဌာနထုတ်ပြန်ချက်က ဖော်ပြသည်။
ထိုလင်မယားကို ဖမ်းဆီးပြီးနောက် ကလေးများကို နေအိမ်ကနေ ရွှေ့ပြောင်းပြီး ပြုစုစောင့်ရှောက်ရန် Division of Family and Children Services သို့ လွှဲပြောင်းအပ်နှံလိုက်ကြောင်း သိရသည်။
Source: LawAndCrime