ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်၊ သုံးဆယ်ကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီနှင့်ပစ်ခတ်သဖြင့် ဒေသခံ(၄)ဦး ဒဏ်ရာရပြီး (၂) ဦး သေဆုံးကြောင်း TNLA ထံမှ သိရသည်။
စစ်ကောင်စီတပ် တပ်မ (၃၃) လက်အောက်ခံ ခမရ (၁၁၁)တပ်က ၂၀၂၄ ခုနှစ် မေ(၁၀)ရက်နေ့ ညပိုင်းတွင် အုမ္မသီး ကျေးရွာမှ သုံးဆယ်ရွာသို့ လက်နက်ကြီး (၄)လုံးထက်မနည်း ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း TNLAက ယနေ့ မေလ(၁၄)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်က ပစ်ခတတ်လိုက်သည့် လက်နက်ကြီးသည် ဦးစံရွှေ၏ နေအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ၎င်းနေအိမ်အတွင်းနေထိုင်သူ (၆)ဦးအနက် (၂)ဦးသေဆုံးပြီး (၄) ဦးထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။
လက်နက်ကြီးထိမှန်ပြီး သေဆုံးသူ နှစ်ဦးမှာ ဦးစံရွှေ(အိမ်ထောင်ဦးစီ) အသက် (၆၂)နှစ်နှင့် မဝင်းဝင်းပြုံး အသက် (၂၄)နှစ်တို့ဖြစ်ပြီး ဒဏ်ရာရသူ (၄)ဦးမှာ ဦးစံရွှေ၏ သမီးဖြစ်သူ ဆွေဆွေဝင်း အသက် (၂၁)နှစ်၊ ညီဖြစ်သူ ဦးလွန်ကြည့် အသက် (၆၀)နှစ်၊ သားမက်ဖြစ်သူ မောင်အေးချမ်းနှင့် မောင်မြင့်ဇော်ဦး တို့ဖြစ်ကြောင်း သိရသည်။
ဒဏ်ရာရသူ(၄)ဦးအား ပြင်ဦးလွင်ဆေးရုံသို့ ပိုဆောင်းပေးခဲ့ပြီး သေဆုံးသူ (၂)ဦးကို ကျေးရွာပြည်သူများမှ မီးသင်္ဂြိုလ်ပေးခဲ့သည်ဟု ဆိုသည်။
ပြီးခဲ့သည့် ဧပြီလ(၂၇) ရက်နေ့ကလည်း နောင်ချိုမြို့နယ်၊ သုံးဆယ်ကျေးရွာကို စစ်ကောင်စီးတပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျကာ နေအိမ် (၂)လုံးနှင့် အမျိုးသမီး(၁)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
#TachileikNewsAgency