မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တွင် စစ်တပ်ထောက်ခံပွဲမှပြန်လာသည့် ပျူစောထီးများအား လာကြိုသည့် ပျူစောထီးများနှင့် တပ်စွဲထားသည့်စခန်းကုန်းတို့အား တော်လှန်ရေးတပ်များက ၂၀၂၄ ခုနှစ် မတ်လ(၉)ရက်နေ့တွင် ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း Young Force UG ထံမှ သိရသည်။
ပခုက္ကူမြို့အတွင်းပြုလုပ်သည့် စစ်တပ်ထောက်ခံပွဲမှ ပြန်လာသည့် ပျူစောထီးများအား လာကြိုသည့် ပျူစောထီးများကို ငါးဖောင်ကန်-မြစ်ခြေလမ်းခွဲတွင် ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ပြီး ၎င်းတို့ တပ်စွဲထားသော ယူကလစ်ကုန်းကိုလည်း ဒရုန်းများဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့သည်ဟု သိရသည်။
မြစ်ခြေ-ငါးဖောင်ကန်လမ်းခွဲသို့ ဗုံးသီးချရာတွင် ပျူစောထီးများ ရှိရာသို့ တည်တည့်ကျပြီး ပျူစာထီးများ ထိခိုက်သေဆုံးသူရှိကာ ယူကလစ်ကုန်းသို့ ဗုံးသီးချရာတွင်လည်း ဗုံးသီးများမှာ စခန်းချရာ ပတ်ချာလည်သို့ ကျရောက်ပေါက်ကွဲခဲ့သည်ဟု ဆိုသည်။
ဗုံးသီး (၅)လုံးချတိုက်ခိုက်မှုအပြီး မဟာမိတ်တပ်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး တိုက်ခိုက်မှုကို DMG အဖွဲ့၊ တပ်ရင်း(၁၀)၊ မြိုင်ပကဖတပ်ရင်း(၁)၊ ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(၂) (Thurain-TR)နှင့် ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၂) (Young Force UG)တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#TachileikNewsAgency