ရွှေပြည်အေးမြို့ကို တော်လှန်ရေးတပ်များသိမ်း၊ ကလေးမြို့ ရန်ကြီးအောင်စခန်းအား သိမ်းပိုက်ရာ လက်နက်ခဲယမ်းနှင့် စစ်ကောင်စီတပ်သားများ ဖမ်းမိ

ရွှေပြည်အေးမြို့ကို တော်လှန်ရေးတပ်များသိမ်း၊ ကလေးမြို့ ရန်ကြီးအောင်စခန်းအား သိမ်းပိုက်ရာ လက်နက်ခဲယမ်းနှင့် စစ်ကောင်စီတပ်သားများ ဖမ်းမိ

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၂၂)ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား (၈)ဦးကို ဖမ်းဆီးရမိခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် နိုဝင်ဘာလ (၂၁)ရက်နေ့မှ (၂၃)ရက်နေ့အထိ ကလေးမြို့နယ်၊ ရန်ကြီးအောင်စခန်းအား အမှတ်(၁)စစ်ဒေသ၊ ကလေးခရိုင်ကွပ်ကဲရေး၏ ကွပ်ကဲမှုဖြင့် ကလေးခရိုင်၊ အမှတ် (၂၊ ၄၊ ၅၊၆)တပ်ရင်း၊ မြို့နယ် ပ.က.ဖ၊ ခရိုင်ဒရုန်းအဖွဲ့၊ ခရိုင်မိုင်းတပ်ဖွဲ့၊ SR-4၊ CDF KKG၊ CNDF၊ RKDF တို့ပူးပေါင်းကာ ဝင်ရောက်စီးနင်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်သား (၁၆)ဦး သေဆုံးကာ (၁၇)ဦး အရှင်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်ထံမှ G-3 (၉)လက်၊ MA-1 (၁၀)လက်၊ MA-3 (၅)လက်၊ 5.56 ကျည် (၉,၅၄၇)တောင့်၊ 7.62ကျည် (၃,၅၄၆)တောင့်၊ RPG (၁)လက်၊ RPG အဖူး (၁၄)ဖူး၊ ၈၁ မမ မော်တာ (၁)လက်၊ ၈၁ မမ မော်တာကျည် (၆)ဖူး၊  MA-5 (၂)လက်၊ MA-4 (၂)လက်၊ MA ကျည်ဘောက် (၅၇)ခု၊ G-3 ကျည်ဘောက် (၁၈)ခု၊ ရှေ့ထွက်မိုင်း (၂)လုံး၊ နင်းမိုင်း (၁၉)လုံး၊ လက်ပစ်ဗုံး (၁၀၅)လုံး၊ RPG ပို့ယမ်း (၁၂) တောင့် ၊ အီနာဂါ (၆၁)လုံး၊MA-1 ကာဘိုင်ကျည် (၉၈၀)တောင့်၊ Anti-Drone Gun (၁)လက်၊ ဖုန်း (၃)လုံး၊ ခါးချိုး (၆)လက်၊ 40 MM ကျည် (၁၀၀)တောင့်၊ မီးစက် (၂)လုံး၊ ရေစုပ်စက် (၁)လုံး၊ ဟန်းကော (၂)လုံး၊ ဘတ်ထရီအိုး (၅)လုံး၊ ရေပေါ်ထိုးစက် (၁)လုံး၊ သံခမောက် (၅)လုံး၊ သံသေတ္တာ(၆)လုံး၊ အင်ဗာတာ (၂)လုံး၊ ဆိုလာ (၂)ချပ်၊ ဝိုင်ဖိုင်စက် (၁)ခု၊ ရွှေ (၁)ကျပ်ခွဲသားနှင့် အခြားပစ္စည်းများအား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဘက်က ရဲဘော်တစ်ဦး ကျဆုံးပြီး (၈)ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

Photo : MOD NUG