ကျိုက်မရော ကနာလိုကျေးရွာအတွင်း လက်နက်ကြီးကျ အရပ်သား ၃ ဦးဒဏ်ရာရကာ နေအိမ်များပျက်စီး

ကျိုက်မရော ကနာလိုကျေးရွာအတွင်း လက်နက်ကြီးကျ အရပ်သား ၃ ဦးဒဏ်ရာရကာ နေအိမ်များပျက်စီး

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ကနာလိုကျေးရွာတွင် ၂၀၂၃ခုနှစ် စက်တင်ဘာလ (၂၇)ရက်နေ့ ညပိုင်းက လက်နက်ကြီး (၂)လုံး ကျရောက်ပေါက်ကွဲကာ အရပ်သားနှင့် နေအိမ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

မည်သည့်အဖွဲ့က ပစ်ခတ်သည်ကို မသိရသေးသော်လည်း လက်နက်ကြီး(၂)လုံးမှာ ရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ခြင်းကြောင့် နေအိမ်(၂)လုံးနှင့်  ကားတစ်စီး ပျက်စီးသွားပြီး ကလေးတစ်ဦးအပါအဝင် အရပ်သား(၃)ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

လက်နက်ကြီး ထိမှန်ထားသော မောင်မင်းကို အသက်(၉)နှစ်ကို မော်လမြိုင်ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သိရသည်။

#TachileikNewsAgency

Photo : CJ