အမေရိကန်ဒေါ်လာ (၅) သိန်း (၆) သောင်းကျော်တန် တန်ဖိုးအကြီးဆုံး iPhone  

အမေရိကန်ဒေါ်လာ (၅) သိန်း (၆) သောင်းကျော်တန် တန်ဖိုးအကြီးဆုံး iPhone  
စက်တင်ဘာ 21, 2023 | နိုင်ငံတကာသတင်း
By Mr John



* * * * * 

တန်ဖိုးကြီး စမတ်ဖုန်းများကို ဝယ်သူစိတ်ကြိုက် ပြင်ဆင်ဖန်တီးပေးသော ရုရှားကုမ္ပဏီ Caviar က အထူးပြုလုပ်ထားသည့် Diamond Snowflake iPhone မှာ ကမ္ဘာ့တန်ဖိုးအကြီးဆုံး iPhone ဖြစ်လာသည်။ 

Apple ကုမ္ပဏီက ၂၀၂၃ ခုနှစ် စက်တင်ဘာလ (၁၂) ရက်နေ့တွင် စတင်မိတ်ဆက်သည့် iPhone 15 အတွက် ဝယ်သူစိတ်ကြိုက် အထူးပြုလုပ်ပေးထားသော Caviar ၏ လက်ရာ Diamond Snowflake iPhone 15 အမျိုးအစား၏ တန်ဖိုးမှာ အမေရိကန်ဒေါ်လာ (၅၆၂,၇၀၀) ဟု ဆိုသည်။

ထို iPhone ၏ ကိုယ်ထည်ကို (၁၈) ကာရတ် ရွှေဖြူဖြင့် ပြုလုပ်ထားပြီး စိန်ပွင့် (၅၇၀) ထက်မနည်း စီခြယ်ထားသည်။ 

ထို့အပြင် နာမည်ကြီး ဗြိတိန် ကျောက်မျက်ရတနာကုမ္ပဏီ Graff ၏ Snowflake Graff ဆွဲကြိုး၏ ဆွဲသီးလည်း ပါဝင်သည်။ 

Caviar က ကမ္ဘာ့တန်ဖိုးအကြီးဆုံး အထူးထုတ် iPhone ကိုယ်ထည်ကို လက်ဖြင့် အနုစိတ် အထူးပြုလုပ်ထားခြင်း ဖြစ်သည်။

Caviar က မူလဒီဇိုင်း Diamond Snowflake ကို iPhone 14 နှင့် iPhone Pro Max တို့အတွက် ဝယ်သူစိတ်ကြိုက် အထူးပြုလုပ်ပေးခဲ့ဖူးသော်လည်း ထိုအမျိုးအစားများ၏ တန်ဖိုးမှာ ဒေါ်လာ (၅၃၃,၀၀၀) သာ ဖြစ်ခဲ့သည်။

 ယခုအသစ်ထွက် iPhone 15 အတွက် Caviar က အထူးပြုလုပ်ပေးထားသည့် iPhone Diamond Snowflake မှာ ယခင် အမျိုးအစားထက် ဒေါ်လာ (၂၉,၇၀၀) ပိုများသည်။

 

Source: Caviar, ISP.PAGE, Oddity Central