အမေရိကန်တွင် အိမ်နီးချင်း အိမ်အပေါ်ထပ်အခန်း၏ ဆူညံမှုကြောင့် နားငြီး၍ဟု ဆိုကာ အိမ်ခန်းအတွင်း ဓာတုဆေးရည်များကို ဆေးထိုးပိုက်ဖြင့် ထိုးထည့်ခဲ့သည့် အမျိုးသား ဖမ်းခံရ

အမေရိကန်တွင် အိမ်နီးချင်း အိမ်အပေါ်ထပ်အခန်း၏ ဆူညံမှုကြောင့် နားငြီး၍ဟု ဆိုကာ အိမ်ခန်းအတွင်း ဓာတုဆေးရည်များကို ဆေးထိုးပိုက်ဖြင့် ထိုးထည့်ခဲ့သည့် အမျိုးသား ဖမ်းခံရ
စက်တင်ဘာ 11, 2023 | နိုင်ငံတကာသတင်း
By Mr John

 အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်တွင် နေထိုင်သူ အမျိုးသားတစ်ဦးက ၎င်း၏ အိမ်နီးနားချင်း၏ ဆူညံသံကို စိတ်အနှောင့်အယှက်ဖြစ်၍ဟုဆိုကာ ထိုအိမ်နီးနားချင်းများ၏ အိမ်ရှေ့တံခါးအောက်မှတစ်ဆင့် ဓာတုဗေဒပစ္စည်းများ ရောနှောပေါင်းစပ်ထားသော အရည်တစ်မျိုးကို ဆေးထိုးပိုက်ဖြင့် အိမ်ခန်းအတွင်းသို့ တိတ်တဆိတ် ထိုးထည့်ခဲ့ရာ လျှို့ဝှက်ကင်မရာဖြင့် မှတ်တမ်းတင်ခံရပြီးနောက် အဖမ်းခံခဲ့ရသည်။

University of South Florida တက္ကသိုလ်တွင် ဓာတုဗေဒဘာသာရပ်ဖြင့် ပါရဂူဘွဲသင်တန်း တက်ရောက်ခဲ့သူ ကျောင်းသားဟောင်းဖြစ်သည့် Xuming Li က တက္ကသိုလ်ဓာတ်ခွဲခန်းကိုသုံးပြီး အန္တရာယ်ရှိသည့် ဓာတုဗေဒပစ္စည်းများကို ရောနှောပေါင်းစပ်ကာ ဆေးထိုးအပ်များတွင် ထည့်ထားခဲ့သည်။ 

ထို့နောက် ၎င်း၏ အပေါ်ထပ်ရှိ အိမ်နီးနားချင်းများ၏ အိမ်ရှေ့တံခါးအောက်မှတစ်ဆင့် ထိုးထည့်ခဲ့ခြင်း ဖြစ်သည်။

နောက်ဆက်တွဲ စစ်ဆေးမှုအရ အသက် (၃၆) နှစ်အရွယ် Li က မက်သဒုန်း (methadone) နှင့် ဟိုက်ဒရိုကိုဒုန်း (hydrocodone) တို့ကို ရောနှောပေါင်းစပ် အသုံးပြုခဲ့ကြောင်းနှင့် လူသိများသော နာကျင်မှုသက်သာစေသာ ဆေး (၂) မျိုး ဖြစ်သည်။ 

Li က ၎င်း၏အပေါ်ထပ်မှ အိမ်နီးနားချင်းများကို မည်သို့ဖြစ်စေရန် ရည်ရွယ်၍ ထိုသို့ လုပ်ဆောင်ခဲ့ကြောင်း ရှင်းရှင်းလင်းလင်း မသိရသော်လည်း ၎င်းထံတွင် ရည်ရွယ်ချက်ကောင်းဖြင့် မဟုတ်ကြောင်း ယူဆထားသည်။

Lie  အိမ်နီးနားချင်းများက ၎င်းတို့၏ အိမ်ခန်းတွင် ပုံမှန်မဟုတ်သော အနံ့တစ်မျိုး ရနေခဲ့ပြီးနောက် မသင်္ကာဖြစ်လာပြီး အိမ်ခန်းအပြင်ဘက် ပန်းအိုးထဲတွင် လျှို့ဝှက်ကင်မရာတစ်ခု တပ်ဆင်ထားခဲ့သည်။ 

"တစ်ယောက်ယောက်က ကျွန်တော်တို့အိမ်ခန်းကို အပြင်ဘက်ကနေ လက်ဆော့နေတယ်လို့ သံသယရှိတာကြောင့် အိမ်အပြင်ဘက်မှာ ကျွန်တော် လျှို့ဝှက်ကင်မရာတစ်ခု တပ်ဆင်ထားခဲ့တယ်" ဟု Umar Abdullah က Fox13 သတင်းဌာနကို ပြောသည်။

ထို့နောက် အောက်ထပ်မှ အိမ်နီးချင်းဖြစ်သူ Li ၏ လုပ်ရပ်ကို လျှို့ဝှက်ကင်မရာဖြင့် မှတ်တမ်းရယူနိုင်ခဲ့ခြင်း ဖြစ်သည်။

 Abdullah နှင့် ၎င်း၏မိသားစုက ၂၀၂၂ ခုနှစ်တွင် Tampa Bay ကွန်ဒိုတိုက်ခန်းသို့ ပြောင်းရွှေ့လာခဲ့ကြခြင်းဖြစ်ပြီး ထိုစဥ်ကတည်းက အောက်ထပ်မှ အိမ်နီးချင်းဖြစ်သူ Li က အပေါ်ထပ်မှ ၎င်းတို့၏ အသံများ ဆူညံသည်ဟု အမြဲတစေ ပြောဆိုနေခဲ့ကြောင်း သိရသည်။

Source: FOX13