ဂျပန်နိုင်ငံ Haneda လေဆိပ်၏ ပြေးလမ်းပေါ်တွင် ခရီးသည်တင်လေယာဥ် (၂) စီး တိုက်မိ

ဂျပန်နိုင်ငံ Haneda လေဆိပ်၏ ပြေးလမ်းပေါ်တွင် ခရီးသည်တင်လေယာဥ် (၂) စီး တိုက်မိ
By Mr John

 ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ Haneda အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပြေးလမ်းပေါ် သွားနေသည့် လေယာဥ် (၂) စီး တိုက်မိမှု ၂၀၂၃ခုနှစ် ဇွန်လ (၁၀) ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

hai Airways လေယာဥ်၏ တောင်ပံတွင် အနည်းငယ် ထိခိုက်ပျက်စီး

လေယာဥ် (၂) စီး တိုက်မိခဲ့မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ မရှိသော်လည်း လေယာဥ်ခရီးစဥ်အချို့ နှောင့်နှေးကြန့်ကြာခဲ့ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာနကို ကိုးကား၍ ဂျပန်သတင်းဌာန NHK က ဖော်ပြထားသည်။ 

ထိုဖြစ်ရပ်ကြောင့် Haneda လေဆိပ်ရှိ ပြေးလမ်း (၄) ခုအနက်မှ တစ်ခုကို ဇွန်လ (၁၀) ရက်နေ့၏ ဒေသစံတော်ချိန် နံနက် (၁၁) နာရီခန့်မှစ၍ ပိတ်ထားခဲ့ရကြောင်း သိရသည်။ 

ထိုင်ဝမ်အခြေစိုက် Eva Airways လေယာဥ်နှင့် Thai Airways လေယာဥ်တို့ လေဆိပ်ပြေးလမ်းတွင် တိုက်မိခဲ့ကြခြင်း ဖြစ်သည်။ 

Thai Airways လေယာဥ်၏ တောင်ပံတွင် အနည်းငယ် ထိခိုက်ပျက်စီးခဲ့သည်ကို NHK က ဖော်ပြခဲ့သည်။

EVA Airways လေယာဥ်ပေါ်တွင် ခရီးသည်နှင့် လေယာဥ်အမှုထမ်း (၂၀၇) ဦး ပါရှိခဲ့ပြီး Thai Airways ၏ Airbus A330 လေယာဥ်ပေါ်တွင်လည်း ခရီးသည်နှင့် လေယာဥ်အမှုထမ်း (၂၆၄) ဦးပါရှိကြောင်း သိရသည်။ 

 

Source: Reuters

Photo: Kyodo