NUG ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ် ပဲခူးတိုင်းအတွင်း ရှေ့တန်းစစ်မြေပြင်သို့ ရောက်ရှိ

NUG ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ် ပဲခူးတိုင်းအတွင်း ရှေ့တန်းစစ်မြေပြင်သို့ ရောက်ရှိ

 

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီး၊ ပြည်သူ့လုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီအဖွဲ့ဝင် ဦးလွင်ကိုလတ်သည် ၂၀၂၃ခုနှစ်၊ မေလဒုတိယအပတ်က ပဲခူးတိုင်းသို့ သွားရောက်ခဲ့ကြောင်း သိရသည်။

၎င်းသည် Royal Peacock Column တပ်ဖွဲ့၏ ရှေ့ထွက်စစ်ကြောင်း၏ ရှေ့တန်းစစ်မြေပြင်သို့ သွားရောက်ပြီး ရဲဘော်များ  နှင့် တွေ့ဆုံ အားပေးစကားပြောကြားခဲ့သည်ဟု သိရသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်နှင့်အဖွဲ့သည် ကျေးရွာများသို့ သွားရောက်ပြီး ဒေသခံများနှင့်တွေ့ဆုံကာ အမျိုးသားညီညွတ်ရေးအစိုးရ၏ တော်လှန်ရေးဆောင်ရွက်နေမှုလုပ်ငန်းစဉ်များကို ဆွေနွေးခဲ့ကြသည်ဟု သိရသည်။

၎င်း၏ ခရီးစဉ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တောင်ပိုင်းတိုင်း စစ်ဦးစီး စောယှားဖောင်ဝှါး၊ အမှတ်(၂) စစ်ဒေသခွဲ ဒုစစ်ဒေသခွဲမှူး ဦးတင်ဦး၊ ဧရာဝတီတိုင်းကွပ်ကဲရေးတာဝန်ခံ ကောင်းကျော် တို့လည်း လိုက်ပါခဲ့ကြကြောင်း သိရသည်။ 

#TachileikNewsAgency

Photo: Royal Peacock Column