ထိုင်းနိုင်ငံ အထွေထွေရွေးကောက်ပွဲ၏ ကနဦး မဲရလဒ်များကို မေလ (၁၄) ရက် ဒေသစံတော်ချိန် ည (၁၁) နာရီတွင် သိရှိနိုင်မည်ဟု ရွေးကောက်ပွဲကော်မရှင်က ခန့်မှန်းထားပြီး နိုင်ငံတဝန်း မဲရုံများမှ မဲရေတွက်မှုများကို ပြုစုခြင်း၊ အတည်ပြုခြင်းများ ဆောင်ရွက်သွားပြီးနောက် ၎င်း၏ ECT Report ဝက်ဘ်ဆိုက်မှ တစ်ဆင့် ည (၇) နာရီမှ၍ ထုတ်ပြန်သွားမည်ဟု ဆိုသည်။
ECT Report ( https://www.ectreport.com )ဝက်ဘ်ဆိုက်ကို တစ်မိနစ်လျှင် အသုံးပြုသူ (၁) သန်း ဝင်ရောက်ကြည်ရှုနိုင်ရန် စီစဥ်ထားကြောင်း ရွေးကောက်ပွဲကော်မရှင် Election Commission (EC) ၏ လက်ထောက် အထွေထွေညွန်ကြားရေးမှူး Suranee Pontawee က ပြောသည်။
ကော်မရှင်က ရွေးကောက်ပွဲ မဲရလဒ်များကို တစ်နိုင်ငံလုံး မဲရေတွက်မှု စုစုပေါင်း ကိန်းဂဏန်းများ၊ ပြည်နယ်အလိုက် ရွေးကောက်ပွဲရလဒ်များနှင့် နိုင်ငံရေးပါတီအလိုက် ရလဒ်များဟူ၍ (၃) မျိုးခွဲ ထုတ်ပြန်သွားမည်ဟု သူမက ဆိုသည်။
ထိုင်းနိုင်ငံ အထွေထွေရွေးကောက်ပွဲ မဲပေးမှုအတွက် မဲရုံများကို ၂၀၂၃ခုနှစ် မေလ (၁၄) ရက် နံနက် (၈) နာရီမှ (၅) နာရီအထိ ဖွင့်လှစ်ထားမည် ဖြစ်သည်။
ပထမဆုံး မဲရလဒ် ထုတ်ပြန်မှုကို မေလ (၁၄) ရက် ည (၇) နာရီတွင် ထုတ်ပြန်နိုင်မည်ဟု ခန့်မှန်းထားကြောင်း Suranee က ပြောသည်။
မဲရေတွက်သည့် အဖွဲ့တစ်ဖွဲ့တွင် ဝန်ထမ်း (၂) ဦးရှိမည်ဖြစ်ပြီး အဖွဲ့တစ်ဖွဲ့ကို အရေအတွက် (၂၀) ထက် မပိုသော မဲရုံများမှ မဲလက်မှတ်များကို ရေတွက်ရန် တာဝန်ချထားကြောင်းလည်း သူမက ဆိုသည်။
ရွေးကောက်ပွဲအကြို လူထုသဘောထားစစ်တမ်းများအရ ဒီမိုကရေစီလိုလားသော အဓိက အတိုက်အခံပါတီ (၂) ခုဖြစ်သည့် ဖူထိုင်းပါတီ (Pheu Thai) နှင့် Move Forward ပါတီတို့က စစ်တပ်နှင့်ဆက်နွယ်သော ကွန်ဆာဗေးတစ်များ ကျောထောက်နောက်ခံပြု ပါတီများထက် ပို၍လူကြိုက်များမှု ရရှိထားကြောင်း သိရသည်။
Soruce: Bangkok Post