ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့ပေါ် အနိမ့်ပိုင်းရပ်ကွက်အချို့မှာ ဒီနေ့ ၂၀၂၃ခုနှစ် မေလ(၁၄)ရက်နေ့ နံနက်(၄)နာရီဝန်းအချိန်က ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့ပါတယ်။
အခုလို ဖြစ်ပေါ်တာဟာ တောင်ကျရေကြောင့်မဟုတ်ဘဲ မေလ(၁၃)ရက်နေ့ ညပိုင်းက မိုးရွာသွန်းမှုကြောင့် ရေချောင်းနဲ့ရေမြောင်းတွေကနေ ရေလျှံမှုများနဲ့အတူ အမှိုက်များကြောင့် ရေလျှံတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မေဖလားဝါးကွင်း နဲ့ တာလော့ရပ်ကွက်အပါအဝင် ဆန်ဆိုင်းဈေးအနီးတို့မှာ ရေကြီးရေလျှံမှု ဖြစ်ပွားခြင်းဟာ တောင်ကျရေကြောင့် မဟုတ်လို့ နံနက်(၅)နာရီခွဲဝန်းကျင်မှာတော့ ရေတက်လာမှုက တည်ငြိမ်သွားပြီလို့လည်း သိရပါတယ်။
တာချီလိတ်မြို့မှာ လူနေမှုထူထပ်လာတာနဲ့အမျှ စည်းကမ်းမဲ့ စွန့်ပစ်အမှိုက်များလည်း များလာသလို မြို့ပေါ် ရေမြောင်းများကို ဆယ်ယူမှု အားနည်းခြင်းကြောင့်လည်း မိုးနည်းနည်းရွာတာနဲ့ အခုလို ရေလျှံလာနေပါတယ်။
#TachileikNewsAgency