ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်ထဲက လယ်ကြားကျေးရွာနေ အပြစ်မဲ့ ဒေသခံများကို အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်က လက်နောက်ပြန်ကြိုးချီနှောင်ပြီးတော့ လူသားဒိုင်းအဖြစ် ဖမ်ဆီးခေါ်ဆောင်သွားတဲ့ ဖြစ်စဉ်ကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ရဲ့ ဖယ်ခုံဇုန်က မှတ်တမ်းတင်နိုင်ခဲ့ကြောင်း ၂၀၂၃ခုနှစ် ဧပြီလ(၂၈)ရက်နေ့မှာ သတင်း ထုတ်ပြန်လာပါတယ်၊
ဧပြီလ(၂၅)ရက်နေ့က လူသားဒိုင်းအဖြစ် အသုံးပြု ဖမ်းဆီး ခံရသူများထဲက ကိုယ်လက်၊ မျက်လုံးနဲ့ အခြားနှိပ်စက်ခံထားရပြီး သေဆုံးနေတဲ့ အလောင်းတစ်လောင်းကိုလည်း တော်လှန်ရေးအင်အားစုများက တွေ့ရှိခဲ့လို့ ကောင်းမွန်စွာ သင်္ဂြိုလ်ပေးခဲ့ရကြောင်းလည်း သိရပါတယ်။
အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်ဟာ တောင်ပေါ်နဲ့မြေပြန့် ကျေးရွာတွေမှာ ဒေသခံများကို အမျိုးမျိုးစွပ်စွဲပြီး သတ်ဖြတ်တာတွေ လူသားဒိုင်းပြုလုပ်ပြီးတော့ စစ်ရာဇဝတ်မှုတွေကို အမျိုးမျိုး ပြောင်ပြောင်တင်းတင်း ကျူးလွန်နေဆဲပဲ ဖြစ်ပါတယ်။