အာဏာသိမ်းစစ်ကောင်စီတပ်၏ တပ်(၃)တပ် နှင့် မြို့နယ်ရဲစခန်းများကို PDF က  ရှော့တိုက်ဒုံးဖြင့် ပစ်ခတ် 

အာဏာသိမ်းစစ်ကောင်စီတပ်၏ တပ်(၃)တပ် နှင့် မြို့နယ်ရဲစခန်းများကို PDF က  ရှော့တိုက်ဒုံးဖြင့် ပစ်ခတ် 

 မကွေးတိုင်းအတွင်း အာဏာသိမ်းစစ်ကောင်စီတပ်၏ အမှတ်(၂၃) ကာကွယ်ရေးပစ္စည်းစက်ရုံ၊ ကျောက်ထုလေတပ်ဆွယ်၊ အမှတ်(၃၆၈)အမြှောက် တပ်ရင်းနှင့် ကျောက်ထုမြို့နယ်ရဲစခန်းတို့အား ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း NUG ၏ ကာကွယ်ရေးဝန်ကြီးဌာနက ဧပြီလ (၁၇)ရက်တွင် သတင်းထုတ်ပြန်သည်။

 

၂၀၂၃ ခုနှစ်၊ မတ်လ (၁၃)ရက်၊ ညပိုင်းက ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ (မကွေးခရိုင်) အမှတ်(၁) တပ်ရင်း၊ (ဂန့်ဂေါခရိုင်) အမှတ်(၂) (၄) (၁၀) တပ်ရင်းနှင့်ပြည်သူ့ကာကွယ် ရေးအဖွဲ့(ဆော)တို့ ပူးပေါင်းကာ အမှတ်(၂၃) ကာကွယ်ရေးပစ္စည်းစက်ရုံကို ရှော့တိုက်ဒုန်းများ၊ Rocket များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

၂၀၂၃ ခုနှစ်၊ မတ်လ(၁၄)ရက်၊ နေ့လည်ပိုင်းတွင် မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊  ကျောက်ထုဒေသရှိ ကျောက်ထုလေတပ်ဆွယ်၊ အမှတ် (၃၆၈)အမြှောက်တပ်ရင်း၊ ကျောက်ထု မြို့နယ်ရဲစခန်းတို့အား ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)ဂန့်ဂေါခရိုင်အမှတ်(၈/ ၉)တပ်ရင်း၊ ဆော(PDF YRPA)နှင့်(DRONE. Revolutionary Rebel Force)က ရှော့တိုက်ဒုံး၊ Rocket များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အမှတ် (၃၆၈)  အမြှောက်တပ်ရင်းအတွင်းရှိ အဆောက်အဦးများ မီးလောင်ပျက်စီးခဲ့သည်ဟု ထုတ်ပြန်ထားသည်။

တိုက်ခိုက်မှုများအတွင်း စစ်ကောင်းစီတပ်သားများ ထိခိုက်သေဆုံးအခြေအနေများကို စိစစ်စုံစမ်းနေဆဲဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo: NUG