အမေရိကန်အာကာသစခန်း နာဆာက နှစ်ပေါင်း ၅၀ အတွင်း လကမ္ဘာကိုလွှတ်မည့် အာကာသယာဉ်မှူးအဖွဲ့ ရွေးချယ်

By Tachileik News Agency

အမေရိကန်အာကာသစခန်း နာဆာက လကမ္ဘာသို့ ပျံသန်းပြီး ကမ္ဘာမြေကို ပြန်လာမည့်ခရီးစဉ်အတွက် ရွေးချယ်ထားသည့် အာကာသယာဉ်မှူးအဖွဲ့ကို တနင်္လာနေ့တွင် ထုတ်ပြန်လိုက်သည်ကို တွေ့ရသည်။



နာဆာ အာကာသယာဉ်မှူး Christina Koch၊ Victor Glover၊ Reid Wiseman နှင့် ကနေဒါအာကာသယာဉ်မှူး Jeremy Hansen တို့ကို လကမ္ဘာခရီးစဉ်အတွက် ရွေးချယ်ထားကြောင်း နာဆာက ထုတ်ပြန်လာခြင်းဖြစ်သည်။



နာဆာအာကာသယာဉ်မှူး အမျိုးသမီး Koch သည် အာကာသပျံသန်းမှု အကြာဆုံး အမျိုးသမီးအာကာသယာဉ်မှူး စံချိန်တင်ထားသူတစ်ဦးဖြစ်သည်။



ရွေးချယ်ခံထားရသည့် အာကာသယာဉ်မှူးအဖွဲ့မှ ရေတပ် လမ်းကြောင်းပြဖြစ်သူ Glover သည် ၂၀၂၄ ခုနှစ် နိုဝင်ဘာလတွင် စတင်မည့် လကမ္ဘာခရီးစဉ်တွင်  Orion အာကာသယာဉ်ကို မောင်းနှင်မည်ဖြစ်ပြီး လကမ္ဘာမစ်ရှင်တွင် ပထမဆုံးပါဝင်မည့် လူမည်းတစ်ဦးဖြစ်လာမည်ဖြစ်သည်။

Video: NASA Live