စစ်ကိုင်း နဲ့ မုံရွာအကြား အာဏာသိမ်းစစ်အုပ်စုရဲ့ ယာဉ်တန်းများ တစ်နေ့တာအတွင်း နေရာအနှံ့အပြားမှာ ပက်ပက်စက်စက် (၁၂)ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခံရ

 

စစ်ကိုင်းတိုင်းအတွင်း စစ်ကိုင်း နဲ့ မုံရွာအကြားမှာ  ဒေသကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းပြီးတော့ နေရာများ ဖြန့်ကျက်ခွဲပြီး အာဏာသိမ်းစစ်အုပ်စုရဲ့ ယာဉ်စုစုပေါင်း (၅၀)ဝန်းကျင်ရှိတဲ့ ယာဉ်တန်းများကို  ၂၀၂၃ခုနှစ် မတ်လ(၃)ရက်နေ့ရဲ့ တစ်နေ့တာအတွင်းမှာ (၁၂)ကြိမ်တိတိ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

မတ်လ(၃)ရက်နေ့ရဲ့ နေ့လည်(၁)နာရီနဲ့ မိနစ်(၄၀)ဝန်းကျင်မှာ စစ်ကိုင်းဘက်ကနေ မုံရွာဘက်ကို ဦးတည်ပြီး ထွက်ခွာလာတဲ့ အာဏာသိမ်းစစ်အုပ်စုရဲ့ ယာဉ်(၁၈)စီးပါ ယာဉ်တန်းကို နေရာ(၂)နေရာမှာ  မိုင်းစုစုပေါင်း (၈)ကြိမ်ခွဲခဲ့ကြပါတယ်။

ဆက်လက်ပြီး ညနေ(၄)နာရီခွဲကျော်အချိန်မှာလည်း မုံရွာကနေ စစ်ကိုင်းဘက်ကို ဦးတည်ထွက်ခွာလာပြန်တဲ့ အာဏာသိမ်းစစ်အုပ်စုရဲ့ ယာဉ်(၃၂)စီးပါ ယာဉ်တန်းကို (၄)ကြိမ် မိုင်းခွဲခဲ့ကြပါတယ်။



နေ့လည်ကနေ ညနေအထိ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြတဲ့ (၁၂)ကြိမ်အတွင်းမှာ အာဏာသိမ်းစစ်အုပ်စုရဲ့ ကား(၅)စီး ပျက်စီးသွားလို ကားပေါ်မှာပါလာတဲ့ စစ်အုပ်စုအဖွဲ့လည်း ဒဏ်ရာရသွားကြသူတွေရှိတဲ့အတွက် မြင်းမူဆေးရုံကို ကားသုံးစီးနဲ့ ပို့ဆောင်ပေးနေကြတာကို တွေ့ရသလို မိုင်းဆွဲခံရမှုကြောင်း သေဆုံးသူတွေလည်း ရှိနိုင်တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့များက သတင်းထုတ်ပြန်ထားပါတယ်။ 

မိုင်းဆွဲတိုက်ခိုက်မှုကို  People's knight Defense Force Myinmu (PKDF-MMU) အပါအဝင် မြောင်မြို့နယ် T.G.R ပြည်သူ့ကာကွယ်ရေးတပ်၊ မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်း - People's Defence Force - South Monywa ၊ Monywa People's Liberation Force-ဒေါင်းမင်းစစ်ကြောင်းတပ်ခွဲ၊ Black Hunter People's Task Force၊ Ronin Thirteen People' Defence Force၊ People's knight Defense Force Myinmu (PKDF-MMU)၊ People's Army To  Fight Dictatorship   (PAFD) ၊ Dog Killers  Defense Force ( DKPDF -MMU) ၊ TAUNGTHA People Defense Force (TTAPDF) နဲ့ D.B.B.F-MMU စတဲ့ ဒေသကာကွယ်ရေးတပ်ရင်း တပ်ဖွဲ့များ ပါဝင်ခဲ့ကြပါတယ်။

#TachileikNewsAgency