မန္တလေးတိုင်း၊ နွားထိုးကြီးမြို့ အရှေ့ဘက်၊ ထန်းဇင်ရွာအနီးရှိ အာဏာသိမ်းစစ်အုပ်စု၏ ဂိတ်ကို ဒရုန်းဖြင့် ( ၂ ) ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဘက်က (၄)ဦးသေပြီး (၅)ဦး ဒဏ်ရာအပြင်းအထန်ရရှိသွားကြောင်း Natogyi People Defence Force မြင်းခြံခရိုင်အမှတ်-၄တပ်ရင်းမှက သတင်း ထုတ်ပြန်ထားသည်။
မြင်းခြံခရိုင်အမှတ် - ၄ တပ်ရင်း နွားထိုးကြီး PDF က ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ(၁၇)ရက်နေ့တွင် တစ်ကြိမ်၊ ဖေဖော်ဝါရီလ(၁၅)ရက်နေ့တွင် တစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
အဆိုပါ အာဏာသိမ်းစစ်အုပ်စု၏ တပ်စခန်းသည် နွားထိုးကြီးမြို့၏ အရှေ့ဘက်( ၂ )မိုင်ဝန်းကျင် အကွာတွင်ရှိပြီး တပ်သားအင်အား ( ၃၀)ဝန်းကျင်ခန့်ရှိကြောင်း သိရသည်။
ဖေဖော်ဝါရီလ(၁၃)ရက်နေ့ နံနက်(၈)နာရီ(၃၀)မိနစ်အချိန်တွင်လည်း နွားထိုးကြီး - မြင်းခြံ လမ်းမပေါ်တွင် စစ်ဆေးရေးဂိတ်ပြုလုပ်နေသော စစ်အုပ်စု၏ တပ်များအား Natogyi People Defence Force အဖွဲ့မှ Drone ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ (၂)ဦးသေဆုံးခဲ့ပြီး ထိခိုက်သူများလည်း ရှိခဲ့သည်ဟု ထုတ်ပြန်ထားသည်။
စစ်ဆင်ရေးများ အရှိန်တဖြေးဖြေး မြှင့်တတ်လာသည်နှင့်အမျှ စစ်သုံးစရိတ်များ လိုအပ်နေသောကြောင့် ပြည်သူများအနေဖြင့်အင်တိုက်အားတိုက် ပါဝင်ထောက်ပံ့ပေးကြနိုင် ရန် Natogyi People Defence Force မြင်းခြံခရိုင်အမှတ်-၄တပ်ရင်းမှ အသိပေးနှိုးဆော်ထားသည်။
#TachileikNewsAgency
ရုပ်သံ - Natogyi People Defence Force မြင်းခြံခရိုင်အမှတ်-၄တပ်ရင်းမှ