အရာတော်မြို့နယ်အတွင်း အာဏာသိမ်း စစ်အုပ်စု၏ တပ်စခန်း တိုက်ခိုက်ခံရပြီး စစ်သား (၂)ဦး သေသွား

 စစ်ကိုင်းတိုင်းအတွင်း၊ အရာတော်မြို့နယ် သစ်ကျင်းကြီးကျေးရွာအနီး တပ်စွဲထားသော အာဏာသိမ်း စစ်အုပ်စု၏  တပ်စခန်း တိုက်ခိုက်ခံရပြီး စစ်သား(၂)ဦး သေသွားကြောင်း သိရသည်။

 သစ်ကျင်းကြီးကျေးရွာရှိ အမှတ်(၃၆၉)အမြောက်တပ်အနီး အင်အား(၂၀)ကျော်ခန့်ရှိသော စစ်ကောင်စီတပ်စခန်းကို ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ(၁)ရက်နေ့၏ နေ့လယ် (၁)နာရီ (၃၅)မိနစ်အချိန်က ပြောက်ကျား တပ်ဖွဲများပူးပေါင်းပြီး ဒရုန်းဗုံး ၊ရှော့တိုက်ဒုံးများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“သစ်ကြင်းကြီးတပ်အား Drone ဖြင့် (၄) ကြိမ်၊ ရှော့ဒုန်းဖြင့် (၃) ကြိမ် တိုက်ခိုက်ခဲ့ရာ အ ကြမ်းဖက်စစ်ကောင်စီတပ်သား (၂) ဦး သေဆုံးပြီး(၂) ဦး အပြင်းအထန် ဒဏ်ရာရရှိသွားသည်ဟု စောင့်ကြည့်ကင်းထောက်များထံမှ သိရှိရသည်”ဟု Danger Force LPDF၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါ စစ်ဆင်ရေးကို Danger Force LPDF၊ Ngwe Dwin Revolution Force(NDRF)၊ MRTF တပ်ဖွဲ့ ၊သပြေညို ပြောက်ကျားတပ်ဖွဲ့နှင့် မိုင်းမင်းသားမြေအောက်ပျောက်ကျားတပ်ဖွဲ့ တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

 

Video - Danger Force LPDF