အကြမ်းဖက်စစ်ကောင်စီက လူနေအိမ် ၄၁,၀၀၀ ကျော်ကို ၂၀၂၂ ခုနှစ်အတွင်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ( NUG)၏ မီးသတ်ဦးစီးဌာနမှ ထုတ်ပြန်ထားသည့် အချက်အလက်များအရ သိရသည်။
စစ်ကောင်စီ ကျူးလွန်ခဲ့တဲ့ မီးရှို့ဖျက်ဆီးမှုပေါင်း ၁,၀၅၈ မှုတွင် လူနေအိမ်ခြေပေါင်း ၄၁,၃၅၅ လုံးကျော် ပျက်စီးခဲ့ကြောင်း NUG မီးသတ်ဌာနက ဆိုသည်။
စစ်ကိုင်းတိုင်းမှာ နေအိမ် ၃၁,၄၀၀ လုံးကျော်၊ မကွေးတိုင်းမှာ နေအိမ် ၈,၅၀၀ ကျော်နဲ့ မန္တလေးတိုင်းမှာ နေအိမ် ၄၈၀ ကျော် မီးရှို့ခံခဲ့ရခြင်းဖြစ်ကြောင်း မီးသတ်ဦးစီးဌာန၏ ထုတ်ပြန်ချက်တွင် ဖေါ်ပြသည်။
ထုတ်ပြန်သည့်စာရင်းမှာ သတင်းပေးပို့မှုကို အခြေခံ ထားခြင်းဖြစ်ပြီး မြေပြင်အခြေအနေတွင် ဖျက်ဆီးခံရသည့် အိမ်အရေအတွက် ပိုများနိုင်ကြောင်း NUG မီးသတ်ဦးစီးဌာနက ဆိုသည်။