ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ ဆေခမ်း(ဟောင်လိတ်)ရပ်ကွက်အတွင်း စက်မှုဇုန် နှင့် လေယာဉ်ကွင်းသွား လမ်းဆုံ၏ ထောင့်တလျှောက် လမ်းနယ်နိမိတ်ကျူးထားသည့် ဆိုင်ခန်းများ တစ်ပတ်အတွင်း ဖယ်ရှားရှင်းလင်းရမည်ဟု မြို့နယ်စည်ပင်သာယာရေးဌာနက ၂၀၂၂ ခုနှစ် စက်တင်ဘာလ (၁၂)ရက်နေ့တွင် စာထုတ်သတိပေးထားကြောင်း သိရသည်။
အဆိုပါ လမ်းတလျှောက် လမ်းနယ်နမိတ်ကျူးကျော်၍ လမ်းဘေးဆိုင်ခန်းများကို အခိုင်အမာ ဆောက်ထားသည်များကို (၇)ရက်အတွင်း ဖယ်ရှားခြင်းမရှိပါက စည်ပင်က ကိုယ်တိုင်ရှင်းလင်းဖယ်ရှားမည်ဟု သတိပေးထားသည်ကို တွေ့ရသည်။