ရွှေကူမြို့နယ်အတွင်း မြစ်ကြောင်းတလျှောက် ကင်းစောင့်နေသည့် စစ်ကောင်စီတပ်သားများကို မြို့လှ K-PDF က ပစ်ခတ်တိုက်ခိုက်

 ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တွင် မြစ်ကြောင်းတလျောက် လုံခြုံရေးအဖြစ် ကင်းစောင့်နေသည့် အာဏာသိမ်းစစ်ကောင်စီတပ်ကို စက်တင်ဘာလ(၅)ရက်နေ့က တိုက်ခိုက်ခဲ့ကြောင်း မြို့လှ PDF က သတင်းထုတ်ပြန်လာသည်။

မြို့လှ K-PDF တပ်ရင်းနယ်မြေ၏ သာယာကုန်းရွာနှင့် မင်းကျောင်းကုန်းရွာကြားတွင် စစ်ကောင်စီ၏ လက်နက်ရိက္ခာ ပို့ဆောင်လာသည့် သင်္ဘောများ ရွှေကူမှအပြန် မြစ်ကြောင်းတစ်လျှောက် လုံခြုံရေးနေရာယူထားသည့် စစ်ကောင်စီတပ်မ ၈၈ လက်အောက်ခံ ခလရ(၇၇) အင်အား (၇၀)ဝန်းကျင်ကို မြို့လှ K-PDF တပ်ရင်းမှ တပ်ခွဲ (၁)ဗိုလ်မိုးကြိုး ဦးဆောင်သည့် တပ်မှူး ရွေအိုးအဖွဲ့က သွား ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဘက် ထိခိုက်သေဆုံးသူရှိခဲ့ပြီး အထိနာခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

Video: Myo Hla PDF