စစ်ကောင်စီတပ် နှင့် ရဲများပါသည့် ဇက်သင်္ဘောကို ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုက ကြားဖြတ်တိုက်ခိုက်

 ဧရာဝတီမြစ်ကြောင်းအတိုင်း စုန်ဆင်းလာသည့် စစ်ကောင်စီတပ်နှင့် ရဲများပါသည့် ဇက်သင်္ဘောကို  ဇွန်လ(၂၂)ရက်နေ့ နံနက်ပိုင်းက ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ရေလယ်ကျွန်းဒေသ ပြည်သူ့ ကာကွယ်ရေးတပ်ပေါင်းစု တပ်ရင်းက သတင်းထုတ်ပြန်သည်။

၎င်းသင်္ဘောကို မဟာမိတ်တပ်ဖွဲ့များက လက်နက်ငယ်များဖြင့် ခြုံခိုပစ်ခတ်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်ကလည်း လက်နက်ငယ်များ၊ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

"စခများ၏ ကျဆုံးမှု မည်မျှရှိသည်ကိုမူ မသိရှိရသေးပါ။ မိမိတို့၏ တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါသည်။"ဟု ထုတ်ပြန်ထားသည်။

အဆိုပါ စစ်ဆင်ရေးကို ရေလယ်ကျွန်းဒေသပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတပ်ရင်း၊ ''ဒေါင်းညီနောင်''ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Phoenix အထူးပြောက်ကျားတပ်ဖွဲ့၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရေစကြိုမြို့နယ်၊  Wolf Brothers PDF၊ ရဲဘော်ညီနောင်၊ သိန်းငှက်ပြောက်ကျားတပ်တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

 

Video: ရေလယ်ကျွန်းဒေသ ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစု တပ်ရင်း