မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ငွေတော်ကျီကုန်းရပ်၊ ရဲဘော်ကွက်သစ်ရပ်ကွက်အတွင်း နေအိမ်များကို အာဏာသိမ်းစစ်အုပ်စု၏ အဖွဲ့က ယနေ့ မေလ(၁၆)ရက်နေ့ နံနက်ပိုင်းတွင် အကြိမ် လာရောက်ဖျက်ဆီးခဲ့ကြောင်း မြို့ခံများထံက သိရသည်။
ယခုတစ်ကြိမ်လာရောက်ဖျက်ဆီးရာတွင်လည်း ကြိုတင်အသိပေး အကြောင်းကြားခြင်းမရှိဘဲ ဘူဒိုဇာနှင့်ထိုးဖျက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
"မနက်ကလာထိုးသွားတယ်။ ဓာတ်ကြိုးမလွတ်လိုဆိုပြီး အရင်ကလည်း ဖျက်ထားသေးတယ်"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကို ပြောသည်။
အဆိုပါ ရပ်ကွက်တွင် ဂရံပေါက်နေအိမ်များကိုလည်း စစ်တပ်က မည်သည့်လျော်ကြေးငွေမှ မပေးဘဲ ဖြိုချခဲ့သည်။
ဖေဖော်ဝါရီလကုန်ပိုင်းတွင်လည်း အိမ်ခြေ (၂၀၀)ကျော်ကို တစ်နာရီသာ ကြိုတင်အသိပေးခဲ့ပြီး အာဏာသိမ်းစစ်အုပ်စုက လာရောက်ဖျက်ဆီးခဲ့သေးသည်။
ည်ကြီးတံခွန် တရားရုံးမှာ ရခ စခ တရားသူကြီးတွေနဲ့ အကျဉ်းသားတွေရော ရုံးအပြင်ဘက်မှာ အိမ်စီးကားတွေနဲ့ မိသားစုဝင်တွေ အများပြား ခုချိန်ထိရှိနေသေးတယ်လို သိရပါတယ် ဘာကြောင့်လဲ မသိရသေးပါ
#TachileikNewsAgency
Video: CJ