စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့်ပြည်သူများအား တိုက်ခိုက်နှိမ်နှင်းနေသည့် အာဏာသိမ်းစစ်တပ်အတွက် ငွေပင်ငွေရင်းဖြစ်နေသည့် မြန်မာရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE ကို ဒဏ်ခတ်ပိတ်ဆို့မှုပြုလုပ်ရေး အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကို တိုက်ရိုက်စာပို့ တောင်းဆိုသည့်လှုပ်ရှားမှုတွင် ပြည်သူတစ်ဦးတိုင်းပါဝင်ကြရန် သွေးစွန်းငွေ ဖြတ်တောက်ရေးလှုပ်ရှားမှုအဖွဲ့က တိုက်တွန်းနှိုးဆော်ထားကြသည်ကို တွေ့ရသည်။
အဆိုပါလှုပ်ရှားမှုတွင် ပါဝင်လိုသူများအနေဖြင့် https://www.whitehouse.gov/contact/ တွင် ပါဝင်လက်မှတ်ရေးထိုးနည်းအသေးစိတ်ကို သွေးစွန်းငွေဖြတ်တောက်ရေးက အသေးစိတ်ရေးသားဖေါ်ပြထားသည့်အပြင် သိလိုသည်များကိုလည်း comment သို့မဟုတ် messenger မှတစ်ဆင့် မေးမြန်းနိုင်ကြသည်ဟုလည်း ဖိတ်ခေါ်ထားသည်ကို တွေ့ရသည်။