မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ အင်္ဂဘိုကျေးရွာအနီးတွင် စစ်တောင်းတံတားဘက်မှ ကျိုက်ထိုဘက်သို့ ဦးတည်မောင်းနှင်လာသည့် အာဏာသိမ်းစစ်ကောင်တပ်၏ စီယာဉ်တန်းကို ယနေ့ မေလ(၁၀)ရက်နေ့ နံနက်ပိုင်းက အနီးကပ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီကား(၂)စီးပျက်ဆီးပြီး (၁)ဦးသေကြောင်း ဘီလင်း ပကဖ က သတင်းထုတ်ပြန်လာသည်။
(၁၃)စီးပါ စစ်ကောင်စီယာဥ်တန်းကို အင်္ဂဘိုကျေးရွာတွင် KNLA တပ်မဟာ(၁)၏ တပ်ရင်း(၃)က တိုက်ခိုက်ပြီးနောက် ဆက်ထွက်လာသည့် ယင်းယာဉ်တန်းကို KNLA တပ်ရင်း(၂)၏ တပ်ခွဲ(၂) နှင့် ဘီးလင်း ပကဖ တို့က ထပ်မံတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ကျန်နေသေးသည့် ကား(၇)စီးကို ဘီလင်းအထွက် တောင်ကလေးရွာအနီးတွင် ထပ်မံ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ပြောက်ကျားနည်းအသုံးပြု တိုက်ခိုက်သည့် ပူးပေါင်းတပ်ဖွဲ့ဘက်မှ အထိအခိုက်မရှိ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီးနောက် အရပ်ဝတ်ဖြင့် စစ်ကောင်စီတပ်သားများ အိမ်စီးကားဖြင့် ထပ်မံရောက်ရှိလာပြီး ၄၀ မမ (၃ချက်) အပါအဝင် လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်သွားခဲ့ကြောင်း သိရသည်။