မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်တွင် ရေလာချိုးသည့် အာဏာသိမ်းစစ်ကောင်စီတပ်မှ ဗိုလ်ကြီးတစ်ဦးအပါ (၇)ဦးအား ဧပြီလ(၂၇)ရက်က မိုင်းခွဲတိုက်ခိုက်ရာ (၆)ဦးသေပြီး တစ်ဦးထွက်ပြေးလွတ် မြောက်သွားကြောင်း PDF ဂန့်ဂေါက ယနေ့ဧပြီလ(၂၉)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။
စစ်ကောင်စီ၏ ကပစ (၂၃)အနီး ကင်းချထားသောကင်းတဲမှ ကျောမြို့အနောက်ဘက်(၂)မိုင်ခန့်အကွာသို့ ရေလာချိုးသည့် ဗိုလ်ကြီး နေဝင်းအောင်အပါ (၇)ဦးကို ဗိုလ်စင်္ကြာဦးဆောင်သည့် ဂန့်ဂေါမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တပ်ခွဲ(၂၃)နှင့် တော်လှန်ရေးတပ်ပေါင်းစုတို့က ပဒေသာမိုင်း၊ ရှေ့ထွက်မိုင်းတို့ဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ပထမတွင် အဝေးထိန်း ပဒေသာမိုင်းဖြင့်သာ မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ထွက်အပြေးတွင် ရှေ့ထွက်ပြောင်းဖြင့် စနစ်တကျ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်မှုဖြစ်ပြီးနောက် ကပစ အတွင်းမှ စစ်ကောင်စီတပ်များ ချက်ချင်းရောက်ရှိလာကာ ရမ်းသမ်းပစ်ခတ်ခဲ့ကြကြောင်း သိရသည်။
Video: PDF-GanGaw