“တို့အားလုံးရဲ့ရှင်သန်ရာကမ္ဘာ” - “လုမ်ႈၾႃႉတီႈႁဝ်းႁူမ်ႈၵၼ်ယူႇ”
လူသားအားလုံးရဲ့ ရှင်သန်နေရတဲ့နေ့ရက်တိုင်းဟာ သာယာဖြောင့်ဖြူးနေတာတော့ မဟုတ်ပါဘူး။ တစ်ကွေ့မဟုတ် တစ်ကွေ့မှာတော့ အခက်အခဲတွေကိုယ်စီကြုံတွေ့ရစမြဲပါပဲ။
ဒီလိုအခက်အခဲတွေ ရှိနေကြပေမယ့် တစ်ယောက်ကိုတစ်ယောက် ဖေးမရင်း အတူကျော်ဖြတ်ခဲ့ကြတယ်။
ကပ်ရောဂါဖြစ်တဲ့ ကိုဗစ် ကို ဥပမာအဖြစ် ကြည့်လိုက်ရအောင်။ တစ်ကမ္ဘာလုံးမှာဖြစ်တဲ့ ကပ်ရောဂါကြီး ကိုယ့်တိုင်းပြည်ကိုလည်း ရောက်ချလာတဲ့အခါ အချင်းချင်းဝိုင်းဝန်းကူညီရင်း လိုသူယူ, ပိုသူမျှ၊ ကူညီဝိုင်းဝန်းကြ ဆိုတဲ့ နွေးထွေးကြည်နူးစရာစဖွယ် ပုံစံနဲ့ ဖြတ်ကျော်လာခဲ့တယ် မဟုတ်လား။
ကိုယ့်ရဲ့မိသားစုထဲမှာဖြစ်ဖြစ်၊ မိတ်ဆွေသူငယ်ချင်းတွေဖြစ်ဖြစ် စိတ်ထိခိုက်၊ စိတ်ဖိစီးနေသူတို့ရဲ့ ရင်တွင်းစကားတွေကို နားထောင်ပေးကြသလို၊ သူ့တို့တွေ ပျော်ရွှင်သွားအောင်လည်း ကြည်နူးစရာအချိန်တွေကို ဖြတ်ကျော်ခဲ့ကြတယ်ဟုတ်? တစ်ယောက်နားမှာ တစ်ယောက်ရှိနေရင်၊ ဖေးမကူညီရင်း အခက်အခဲတွေကြုံလာရင် အတူရင်ဆိုင်ခဲ့ကြတယ်လေ။
အဲဒါကြောင့်…မမေ့လိုက်ပါနဲ့…ဘယ်တော့မှ မမေ့လိုက်ပါနဲ့… “တို့အားလုံးရဲ့ရှင်သန်ရာကမ္ဘာ” မှာ တို့တွေအတူတူရှိနေကြတယ်ဆိုတာ…
အလင်းသစ်ရဲ့ခြေလှမ်းများ အစီအစဉ်ကို ပိုပြီးသိချင်တယ်ဆိုရင်တော့ Telegram မှာလည်း သွားရောက်ကြည့်ရှုနိုင်ပါတယ်။
Telegram – https://t.me/lookforthelight