စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်း သီးလုံးကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်များကို ပြည်သူ့ကာကွယ်ရေးအဖွဲ့များက Drone ဖြင့် ဗုံးကြဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဘက်က ဒဏ်ရာ အပြင်းအထန်ရရှိမှုများရှိကြောင်း ရွှေဘို PDF က သတင်းထုတ်ပြန်လာသည်။
၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ(၂၃)ရက်နေ့ နံနက်(၉)နာရီဝန်းကျင်အချိန်က People Defense Force-Shwebo, C&T (Shwebo), SNAKE EYES- PDF, Fighter One နှင့် နယ်မြေခံ ပ.က.ဖ အဖွဲ့အစည်းများမှ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
People Defense Force-Shwebo အနေဖြင့် ညီနောင် မဟာမိတ်များနှင့် ပူးပေါင်းပြီး စစ်ကောင်စီတပ်များနှင့်လက်အောက်ခံများ၊ ပျူစောထီးများကို အမြစ်ပြတ်သည်အထိ တိုက်ခိုက်ချေမှုန်းသွားမည်ဟုလည်း ထုတ်ပြန် အသိပေးထားသည်။
Video: ရွှေဘို PDF