အာဏာသိမ်းစစ်ကောင်စီတပ်က ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အတွင်း နန်းမယ်ခုံအနီးတဝိုက်ကို ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ(၂၃)ရက်နေ့ တစ်နေ့တည်းမှာ လေယာဉ်နဲ့ ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှုအဖြစ် (၆)ကြိမ်တိတိ ပြုလုပ်ခဲ့ပါတယ်။
မနက်ကနေ ညနေ(၆)နာရီအတွင်း လေကြောင်းနဲ့ (၆)ကြိမ် ပစ်ခတ်တိုက်ခိုက်သွားတဲ့နေရာတွေမှာ တိုက်ပွဲမဖြစ်ပွားတဲ့ နေရာတွေလည်း ပါဝင်ပြီး အဲ့လို ပစ်ခတ်မှုကြောင့်
ကြောင့် အရပ်သား(၂)ဦးသေဆုံးပြီး (၄)ဦး ဒဏ်ရာ အပြင်းအထန်ရရှိတာတွေရှိသလို နေအိမ်အချို့လည်း မီးလောင်ပျက်စီးသွားပါတယ်။
အခုလို လာရောက် ပစ်ခတ်နေမှုများကြောင့် ဒေသတွင်းနေ ပြည်သူများဟာ အိုးပစ် အိမ်ပစ်ပြီး ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
Video: KNDF, PDF, CJ