စစ်လက်နက်ထုတ်လုပ်နိုင်ရန် စစ်အုပ်စု၏ Mytel တာဝါတိုင်ကို မြောက်ယမား PDF က ဖောက်ခွဲ ဖြိုလှဲ

 စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်းရှိ အာဏာသိမ်း စစ်အုပ်စု၏ Mytel တာဝါတိုင်ကို စစ်လက်နက်ထုတ်လုပ်ရေးအတွက်  မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(MYPDF)က မိုင်းခွဲကာ ဖြိုလှဲလိုက်ကြသည်။

 အကြမ်းဖက် မအလ မိသားစုပိုင် Mytel တာဝါတိုင်အား မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(MYPDF) မှ ခွေးစာထုတ်လုပ်ရေးလုပ်ငန်းများတိုးချဲ့နိုင်ရန်အတွက် သွားရောက်ဖြိုချပြီး ယူဆောင်ခဲ့ပါတယ်။ ကျနော်တို့ကာကွယ်ရေးတပ်ဖွဲ့အား ခွေးစာထုတ်လုပ်ရေးအတွက် တစ်ဖက်တစ်လမ်းကနေ ပါဝင်ကူညီပေးတဲ့အတွက် မအလ မိသားစုကိုကျေးဇူးတင်ပါတယ်။

ဟု မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(MYPDF)က ယနေ့ ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ(၂၃)ရက်နေ့ ညနေပိုင်းက သတင်းထုတ်ပြန်လာသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသည် စစ်အုပ်စုပိုင် Mytel တာဝါတိုင်များကို ဖောက်ခွဲဖျက်ဆီးပြီးနောက် တိုင်အား အလေအလွှင့်မဖြစ်ရန် လက်နက်ထုတ်လုပ်ရေးတွင် ပြန်လည် အသုံးပြုလုပ်လေ့ရှိသည်ဟု သိရသည်။

 

Video: မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(MYPDF)