ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ သိမ်ကုန်းကျေးရွာနှင့် ငရှဉ့်ကွင်းကျေးရွာအကြားဖြတ်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်အား ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - PPDF က ယနေ့ဖေဖော်ဝါရီလ(၂၃)ရက်၊ ညနေပိုင်းတွင် မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ သေဆုံး၊ ဒဏ်ရာရရှိသူရှိခဲ့ကြောင်း သိရသည်။
ပေါက်ကွဲပြီးနောက် (၅)မိနစ်ဝန်းကျင်အကြာ အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး PPDF ရဲဘော်များအနေဖြင့် တစ်စုံတစ်ရာ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ယမန်နေ့ကလည်း ပေါင်းတည်မြို့မှ ပြန်လာသည့် အကြမ်းဖက်စစ်ကောင်စီ တပ်မ (၆၆)၏၊ ဆက်သွယ်ရေးဌာနမှ တပ်ကြပ် ဇော်မိုးဆိုသူအား ပေါင်းတည် PDF က ဖမ်းဆီးရမိခဲ့သေးသည်။
ဒါ့အပြင် ဖေဖော်ဝါရီလ(၁၈)ရက်နေ့ကလည်း ပေါင်းတည်မြို့နယ်၊ သိမ်ကုန်းကျေးရွာရှိ အာဏာသိမ်းစစ်အုပ်စုပိုင် Mytel တာဝါတိုင်းအား ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -PPDF မှ မိုင်းဖြင့်ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။
#TachileikNewsAgency
Video: Paungde People Defense Force - PPDF