ရှမ်း - ကရင်နီနယ်စပ်၊ မိုးဗြဲတိုက်ပွဲအတွင်း ဖေဖော်ဝါရီလ(၂၀)ရက်နေ့က အာဏာသိမ်းစစ်ကောင်စီဘက်က ဒုံးကျည်ဖြင့် လာရောက်ပစ်ခတ်သည့် ရဟတ်ယာဉ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ အလယ်ပိုင်းတိုင်းအထူး စစ်ဆင်ရေးစနိုက်ပါအဖွဲ့က စနိုက်ပါဖြင့် ပြန်လည် ပစ်ခတ်ခဲ့ကြောင်း ယနေ့ ဖေဖော်ဝါရီလ(၂၁)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။
စနိုက်ပါနှင့် နှစ်ချက်ပစ်ခတ်ရာ နှစ်ချက်လုံး ထိမှန်ခဲ့ပေမဲ့ အကွာအဝေးကြောင့် လေယာဉ်ပျက်ကျခဲ့ခြင်း မရှိခဲ့ပေ။ စနိုက်ပါဖြင့် ပစ်ခတ်ခံရခြင်းကြောင့် လေယာဉ်မှာအမြင့် ပျံသန်းခဲ့ပါသည်
ဟု အလယ်ပိုင်းတိုင်းအထူး စစ်ဆင်ရေးစနိုက်ပါအဖွဲ့က ဆိုသည်။
အလယ်ပိုင်းတိုင်းအထူး စစ်ဆင်ရေးစနိုက်ပါအဖွဲ့ အနေဖြင့် ယခုထက် ဖျက်အားပြင်းသည့် လက်နက်များ တပ်ဆင်နိုင်ပါက ပြည်သူများကို ပိုမိုကာကွယ်နိုင်မည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။
Video: အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့