ရွှေဘိုမြို့နယ် ဆင်အင်းကျေးရွာအတွင်း စစ်ကောင်စီတပ်နှင့် ရဲများ တပ်စွဲထားသည့် နေရာကို ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ဗုံးကြဲ တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဆင်အင်းကျေးရွာတွင် တပ်စွဲထားသည့် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ရဲများကို ပြည်သူ့ကာကွယ်ရေးတပ်များက ယနေ့ ဖေဖော်ဝါရီလ(၂၁)ရက်တွင် ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဒရုန်းဖြင့် နှစ်ကြိမ်သွားရောက် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား သေဆုံး၊ ဒဏ်ရာရရှိမှုရှိခဲ့ကြောင်း သိရသည်။

၎င်းတိုက်ခိုက်မှုကို SNAKE EYES-PDF၊ C&T(SHWEBO)၊ PEOPLE DEFENCE FORCE SHWEBO၊ DRAGON URBAN GUERRILLA FORCE၊ BURMESE FARMERS DEFENCE FORCE ၊ အောင်ဇေယျညီနောင်နှင့် ပ.က.ဖ အဖွဲ့အစည်းများက လုပ်ဆောင် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဒါ့အပြင် ရွှေဘိုမြို့နယ်၊ ဆင်အင်းနယ်မြေရဲစခန်းအား ယနေ့ နေ့လယ်(၂)နာရီဝန်းကျင်က PDF များက တိုက်ခိုက်ခဲ့သဖြင့် တပ်ကြပ်ကြီးစာရေး ခင်မောင်စိုး  ခြေတောက်ဒဏ်ရာရသွားခဲ့ကြောင်း သိရသည်။



 Video: SNAKE EYES - PDF