တောင်ကိုရီးယားနိုင်ငံ၊ ဂယောင်နမ်ပြည်နယ်၊ ချန်းဝမ်မြို့တွင် ယနေ့ ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ(၁၃)ရက်နေ့၌ ဗိုလ်ချုပ်အောင်ဆန်း၏ (၁၀၇)နှစ်မြောက်မွေးနေ့အထိမ်းအမှတ်၊ (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် အပြင် စစ်အာဏာရှင်စနစ်ဆိုး ကျရှုံးရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ ထွန်းကားရေးအတွက် ကမ္ဘာလုံးဆိုင်ရာ မြန်မာနွေဦးတော်လှန်ရေး ဆန္ဒထုတ်ဖေါ်ပွဲ နှင့် ၂၀၂၂ခုနှစ် မြန်မာ့နွေဦးတော်လှန်ရေး အောင်မြင်ပြီးဆုံးရေးအတွက် ကျင်းပပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါပွဲတွင် မြန်မာ့အရေးတက်ကြွလှုပ်ရှားသည့် တောင်ကိုရီးယားရောက် မြန်မာများ နှင့် ကိုရီးယားနိုင်ငံသူ နိုင်ငံသားများ စုပေါင်း ပါဝင် ခဲ့ရာတွင် နွေဦးတော်လှန်ရေးဆရာတော် ( ဒယ်ဂူးဘုန်းဘုန်း )က နွေဦးတော်လှန်ရေး မုချအောင်မြင်ရေးအတွက် ဟောပြောခဲ့သည်။