စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်း ယနေ့ ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလ (၁၂)ရက်နေ့ ညနေပိုင်းတွင် အာဏာသိမ်းစစ်ကောင်စီတပ်က ရဟတ်ယာဉ်(၄) စီးဖြင့် တပ်အင်အားထပ်ဖြည့်နေပြီး မြို့ပေါ်နေရာအနှံ့အပြားတွင် ကင်းပုန်းများရှိနေသည်ဟု ဒေသခံများထံမှ သိရသည်။
အာဏာသိမ်းစစ်တပ်က ယင်းမာပင်မြို့တွင် အင်အားအများအပြား ထပ်ဖြည့်နေသည်ကို တွေ့ရပြီး ယနေ့မှာပင် ယင်းမာပင် ပြည်သူ့ကာကွယ်ရေးတပ်က အရေးပေါ်ကြေညာချက်ကိုလည်း ထုတ်ပြန်ထားသည်ကို တွေ့ရသည်။
ယင်းမာပင်မြို့တွင်းနှင့် အောင်ဇေယျကွက်သစ်မှ ပြည်သူများအနေဖြင့် ယနေ့မှစ၍ မြို့တွင်း၌ မနေကြဘဲ နီးစပ်ရာ ဆွေမျိုး၊ အသိုင်းအဝိုင်းများထံ သွားရောက် ခိုလှုံကြရန် အထူးသတိပေးတိုက်တွန်းထားသည်ကိုလည်း တွေ့ရသည်။
ယင်းအပြင် ပုထိုးသာ-လည်ငေါက်-ယင်းမာပင်လမ်းကြောကိုလည်း ဖေဖေါ်ဝါရီလ (၁၂) ရက်နေ့မှ (၁၃)ရက်နေ့အတွင်း အများပြည်သူအနေဖြင့် လုံးဝဖြတ်သန်းသွားလာခြင်းမပြုရန် ဒေသကာကွယ်ရေးအဖွဲ့ဖြစ်သည့် ဆရာစံ YMB-PDF က မေတ္တာရပ်ခံထားသည်ကိုလည်း တွေ့ရသည်။
Video: CJ