ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း AA နှင့် တိုက်ပွဲအတွင်း အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များ  လက်နက်နှင့်အတူ အဖမ်းခံရ

 ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း ရက္ခိုင့်တပ်တော်(AA)နှင့် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ(၇)ရက်နေ့က တိုက်ပွဲအတွင်း အာဏာသိမ်းစစ်ကောင်စီတပ်ဘက်မှ တပ်ဖွဲ့ဝင်များအား လက်နက်များနှင့်အတူ ဖမ်းဆီးရမိထားသည့် ဗီဒီယိုဖိုင်တစ်ခု လူမှုကွန်ယက်တွင် ပျံ့နှံ့လာသည်ကို တွေ့ရသည်။

အလားတူ မောင်တောမြို့နယ် တိုက်ပွဲအတွင်း သေဆုံးသွားသည့် ဗိုလ်မှူး တစ်ဦးအပါအဝင် (၇) ဦး၏ ရုပ်အလောင်းများကို မြေမြုပ်နေသည့် ဗီဒီယိုဖိုင်တစ်ခုလည်း ယနေ့ ဖေဖော်ဝါရီလ(၁၀)ရက်နေ့တွင် ထွက်ပေါ်လာသည်ကို တွေ့ရသည်။