ကျိုက်ထိုမြို့နယ်အတွင်း ဖြစ်ပွားသည့် (၅)ရက်အကြာ တိုက်ပွဲတွင် စစ်ကောင်စီတပ်က နေအိမ်နှင့်ဆိုင်များကို ဖျက်ဆီးပြီး ခိုးယူသွား

 မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း ၊ ဇီးပြောင်း နဲ့ မဲရိုးကြီးကျေးရွာများ အပါအဝင် ကျေးရွာတွေမှာ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ(၂၆)ရက်နေ့က စပြီး PDF၊ KNLA နဲ့   စစ်ကောင်စီတပ်တို့အကြား   (၅)ရက်အကြာ တိုက်ပွဲ(၆)ကြိမ်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီတပ်ဘက်က တိုက်ပွဲကို အခွင့်အကောင်းယူပြီးတော့  အရပ်သားများရဲ့ နေအိမ်တွေနဲ့ဈေးဆိုင်တွေက ပစ္စည်း နဲ့ အစားအသောက်တွေကို ခိုးယူစားသောက်ပြီး ဖျက်ဆီးသွားတယ်လို့ သိရပါတယ်။



ဇန်နဝါရီလ(၃၀)ရက်နေ့က ဖြစ်ပွားခဲ့တဲ့ မိုးဘောနတ်စင်တိုက်ပွဲအတွင်းမှာလည်း  PDF နဲ့ KNLA ဘက်က တပ်သား(၃)ဦး  ဖမ်းဆီး သတ်ဖြတ်ခံရကြောင်းနဲ့ အကြမ်းဖက်စစ်ကောင်စီ တပ်ဖက်က  (၇)ဦးသေဆုံးပြီး  (၅)ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သွားတယ်လို့ သိရပါတယ်။