လွိုင်ကော်မြို့အတွင်း ပိတ်မိနေသည့် ပြည်သူများကို ဒေသကာကွယ်ရေးအဖွဲ့များက ကယ်ထုတ်စဉ် တိုက်ပွဲဖြစ်

ကရင်နီ(ကယား)ပြည်၊ လွိုင်ကော်မြို့၊ မိုင်းလုံးရပ်ကွက်အတွင်း ပိတ်မိနေသည့် ပြည်သူများကို ပြည်သူ့ကာကွယ်ရေးတပ်များက ဇန်နဝါရီလ(၁၀)ရက်တွင် ကယ်ထုတ်နေစဉ် အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် တိုက်ပွဲဖြစ်ခဲ့ကြောင်း ကရင်နီဒီမိုကရက်တစ်တပ်ဦး (KDF)၏ သတင်းနှင့်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်ကို တွေ့ရသည်။ 

ယင်းတိုက်ပွဲသည် (၂)နာရီ အကြာ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီဖက်မှ အကျအဆုံး ထိခိုက်မှုများခဲ့ကြောင်း နှင့် တိုက်ခိုက်မှု အတွင်း DMO PDF မှ တပ်ဖွဲ့ဝင်(၁)ဦး မစိုးရိမ်ရသည့် ဒဏ်ရာ ရရှိခဲ့ပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KDF ၊ GZ-21 (Loikaw)၊  DMO PDF တို့ ပြန်ဆုတ်ခွာခဲ့‌ကြောင်း သိရသည်။

 

Video: Karenni Democratic Front