ကရင်နီ(ကယား)ပြည်နယ်တွင်း အစုအပြုံလိုက် သတ်ဖြတ်ခံရမှုဖြစ်စဉ်နှင့် ပတ်သက်၍ KSCC ၏ ပြောရေးဆိုခွင့်ရှိသူ  ဦးအောင်ဆန်းမြင့်နှင့် ဆက်သွယ်မေးမြန်းခြင်း

 ကရင်နီ(ကယား) ပြည်နယ်၊ ဖရူဆိုမြို့နယ် မူဆိုကျေးရွာအနီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၂၄) ရက်နေ့တွင် အာဏာသိမ်းစစ်တပ်က အရပ်သား (၃၅) ဦးကျော် အစုလိုက်အပြုံလိုက် သတ်ဖြတ် မီးရှို့ခံရပြီး နယ်ခြားစောင့်တပ်ဖွဲ့ဝင် (၄) ဦးကို လက်ပြန်ကြိုးတုပ်၍ ဦးခေါင်းကို သေနတ်ဖြင့် ပစ်ခတ်ခံရသည့် ကိစ္စများနှင့် ပတ်သက်၍ KNPP က ယနေ့ ဒီဇင်ဘာလ (၂၅) ရက်နေ့ နံနက်ပိုင်း၌ နယ်မြေရှင်းလင်းစဉ် တွေ့ရသည့် အခြေအနေများနှင့် ပတ်သက်၍ KSCC (ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ) ၏ ပြောရေးဆိုခွင့်ရှိသူ  ဦးအောင်ဆန်းမြင့်အား Tachileik News Agency မှ ဆက်သွယ်မေးမြန်းထားသည်ကို တင်ဆက်ပေးလိုက်ပါသည်။