ဒီဇင်ဘာ 19, 2021
စစ်ကိုင်းတိုင်း၊ မုံရွာ - အမြင့်လမ်းရှိ ထနောင်းတောင်သုသာန်အနီးတွင် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၁၉)ရက်နေ့က အာဏာသိမ်းစစ်တပ်၏ တပ်ဖွဲ့ဝင်များကို ဖြတ်သန်းသွားစဉ် Monywa Phoenix Warrior အဖွဲ့က လက်ဦးမှုရယူပြီး ပဒေသာမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကြောင့် သေဆုံး၊ ထိခိုက်ဒဏ်ရာရစာရင်းကို ဒေသကာကွယ်ရေးအဖွဲ့အနေဖြင့် အတည်မပြုနိုင်သေးကြောင်း ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။