စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့တွင် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်၏ ယာဉ် (၁၀)စီးပါယာဉ်တန်း ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၄) ရက်နေ့ ည (၉)နာရီကျော်က မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို စစ်ကိုင်းခရိုင် တပ်ရင်း(၁) ဗိုလ်ယက္ခအဖွဲ့မှ ဗိုလ်ဇာတ်လိုက်ဦးဆောင်သော တပ်စုက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အာဏာသိမ်းတပ်၏ စစ်ကား (၄)စီးပျက်စီးသွားကာ သေဆုံး၊ ထိခိုက်စာရင်းကို မသိရကြောင်း သတင်းထုတ်ပြန်ထားသည်။
အာဏာသိမ်းစစ်ကောင်စီတပ်က မိုးကာအုပ်စစ်ကား (၁၀) စီးကျော်ဖြင့် စစ်ကိုင်းဘက်မှ ထွက်လာစဉ် မိုင်းဆွဲခံရခြင်းဖြစ်ပြီး မိုင်းထိသည့်ယာဉ်များကို ထားခဲ့ကာ ဆက်လက်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။