NLD အစိုးရလက်ထက်က ကယားပြည်နယ်အစိုးရအဖွဲ့တွင် ဥပဒေချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ စစ်ကောင်စီလက်ထက်တွင်လည်း ရှမ်းပြည်နယ်ဥပဒေချုပ်အဖြစ် ပြန်ပါလား

ရှမ်းပြည်နယ် စစ်ကောင်စီအဖွဲ့ တာချီလိတ်ခရီးစဉ် - ဓါတ်ပုံ - မေတ္တာရှင်လူမှူကူညီရေးအသင်း

သြဂုတ် 28, 2021

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရလက်ထက်က ကယားပြည်နယ်အစိုးရအဖွဲ့တွင် ဥပဒေချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဦးစိုင်းကျော်ဇံသည် အာဏာသိမ်းစစ်ကောင်စီ၏ လက်အောက်တွင်လည်း ဥပဒေချုပ်အဖြစ် ရှမ်းပြည်နယ်တွင်  တာဝန်ထမ်းဆောင်ရန် ခန့်အပ်ခံရကြောင်း သိရသည်။

NLD အစိုးရလက်ထက် ကယားပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်ဥပဒေချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ်က ပုံ

ဦးစိုင်းကျော်ဇံသည် တာချီလိတ်ခရိုင်ဥပဒေအရာရှိအဖြစ် တာဝန်ထမ်းဆောင်ပြီး အငြိမ်းစားယူကာ   တာချီလိတ်မြို့တွင် နေထိုင်သူဖြစ်ပြီး ၎င်းသည် စစ်အစိုးရလက်ထက်ဖြစ်သည့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက်က   နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းရေးဆွဲရေးကော်မရှင်တွင် အဖွဲ့ဝင်(၅၄)ဦးအနက် (၄၈)ဦးမြောက် အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သူလည်း ဖြစ်သည်။

၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီမှ အနိုင်ရပြီး အစိုးရဖွဲ့စည်းသည့်အခါတွင် ကယားပြည်နယ်တွင် ဥပဒေချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး နိုင်ငံ့အာဏာအား စစ်တပ်မှ သိမ်းလိုက်သည့်အခါတွင် ၎င်းသည် ရှမ်းပြည်နယ်စစ်ကောင်စီအဖွဲ့တွင် ဥပဒေချုပ်အဖြစ် ပါဝင်နေခြင်း ဖြစ်သည်။