သြဂုတ် 24, 2021
ဂန့်ဂေါ် - ကလေး ကားလမ်းတွင် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်၏ ယာဉ်တန်းအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ဂန့်ဂေါ်)က ယနေ့ ၂၀၂၁ခုနှစ် ဩဂုတ်လ(၂၄)ရက်နေ့တွင် ပြောက်ကျားနည်းဖြင့် ကားမိုင်းခွဲပြီး တူမီးလက်နက်များဖြင့် တိုက်ခိုက်ရာမှ ကား(၁)စီး မိုင်းထိပျက်စီးပြီး စစ်ကောင်စီတပ်ဘက်က (၁၅)ဦးဝန်းကျင် သေဆုံးကြောင်း ဂန့်ဂေါ PDF က သတင်းထုတ်ပြန်ထားပြီး ဗီဒီယို မှတ်တမ်းလည်း ဖော်ပြထားသည်ကို တွေ့ရသည်။
ယခင်က တိုက်ပွဲအခြေအနေများကို သတင်းမထုတ်ပြန်သော်လည်း ယခုအခါမှာ ထုတ်ပြန်သင့်သည်ဟု ယူဆ၍ ထုတ်ပြန်ခြင်း ဖြစ်ကြောင်းလည်း အသိပေးထားသည်။
VDO: ဂန့်ဂေါ PDF