အာဏာသိမ်းစစ်ကောင်စီဝင်များက ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)နှင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)တို့မှ ဖွဲ့စည်းသော အဖွဲ့အစည်းများ အပါအဝင် ထောက်ပံ့သူများကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနှင့်အညီ အရေးယူပေးရန် အစည်းဝေးတွင် တင်ပြသည်။
"CRPH၊ NUG တို့နှင့် ဆက်နွယ်သည့် အဖွဲ့အစည်းများ အပါအဝင် ငွေကြေးနှင့်ပစ္စည်းများ စုဆောင်းထောက်ပံ့ပေးနေသူများကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနှင့်အညီ အရေးယူပြီး သတင်းပေးသူများကို ဆုကြေးငွေချီးမြှင့်ရေး ကိစ္စအပြင် သင်တန်းပေးခြင်း နှင့် လက်နက်ပစ္စည်းများ ကူညီထောက်ပံ့နေသည့် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့ အစည်းများအား ထိရောက်စွ ာတားဆီးနိုင်ရေး"တို့နှင့် ပတ်သက်၍ စစ်ကောင်စီဝင်များက ၂၀၂၁ခုနှစ် ဩဂုတ်လ(၂၄)ရက်နေ့က နေပြည်တော်တွင် ကျင်းပသည့် အစည်းအဝေးတွင် အာဏာသိမ်းစစ်ခေါင်းဆောင်အား အကြံပြုတင်ပြဆွေးနွေးကြောင်း အာဏာသိမ်းစစ်တပ်က သတင်းထုတ်ပြန်ထားသည်။
ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဦးသိန်းညွန့်၊ မန်းငြိမ်းမောင်၊ ဦးခင်မောင်ဆွေ၊ ဦးစိုင်းလုံးဆိုင်၊ Jeng Phang နော်တောင်၊ ဒေါ်အေးနုစိန်၊ ဒေါက်တာ ဗညားအောင်မိုးနှင့် ဦးရွှေကြိမ်းတို့က ဆွေးနွေးအကြံပြုခဲ့ကြခြင်း ဖြစ်သည်။
ဆက်စပ်သတင်း
- နေပြည်တော်တွင် လျှပ်စစ်ဘတ်ကားလမ်းများ နှင့် မြေအောက်ရထားလမ်းများ တည်ဆောက်ရန် အာဏာသိမ်းစစ်ခေါင်းဆောင် ပြောကြား
- ကိုဗစ် ဗဟိုအစည်းအဝေး (၇)ကြိမ်ပြုလုပ်ခဲ့ပြီးနောက် ကူးစက်မှု အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင်ပြေ
- အခွန်ငွေကောက်ခံရရှိမှု နည်းပါးနေ၍ ဝန်ကြီးဌာနှင့်အဖွဲ့အစည်းများ ချွေတာသုံးရန် အာဏာသိမ်း စစ်ခေါင်းဆောင်ပြော
- CRPH ၊ NUG တို့နှင့် ဆက်နွယ်ပတ်သက် ထောက်ပံ့သူများအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူပေးရေး အာဏာသိမ်းစစ်ကောင်စီဝင်များက အကြံပြု တင်ပြ